ဘင်္ဂလာဒေ့ရှ်ကို တိုက်ခိုက်မှု ပိုပြုလုပ်မည်ဟု အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ IS က ခြိမ်းခြောက်


 ရန်ကုန်၊ နိုဝင်ဘာ ၂၁

 ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တိုက်ခိုက်မှု ပိုမိုပြုလုပ်မည်ဟု အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ IS က ထပ်မံ ခြိမ်းခြောက်လိုက်သည်။

IS အဖွဲ့က နောက်ဆုံး ထုတ်ဝေသော Dabiq မဂ္ဂဇင်းတွင် "The Revival of Jihad in Bengal" ဘင်ဂဲလ် မှ ပြန်လည် သက်ဝင် နိုးထလာမည့် ဂျီဟတ် ခေါင်းစဉ် ဖြင့် ဆောင်းပါး တစ်ပုဒ် ပါရှိလာပြီး ယင်းဆောင်းပါးတွင် ဘင်္ဂလာဒေ့ရှ်ကို တိုက်ခိုက်ရန် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ဘင်ဂဲလ် အဓိပ္ပါယ်မှာ ဘင်္ဂလာဒေ့ရှ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Khilafah စစ်သားများသည် သူတို့၏ လူပ်ရှားမှုကို ဘင်္ဂလာထိ ဆက်လက် တိုးမြင့်လိုက်ကြောင်း ရေးသားထားသည်ဟု ဆိုသည်။

၎င်းဆောင်းပါးတွင် ဒက္ကားမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော အီတလီ ကူညီပေးရေး ၀န်ထမ်း Cesare Tavella နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြောက်ပိုင်း ရန်ပူရ်မြို့တွင် ဂျပန်နိုင်သား Kunio Hoshi တို့အား လုပ်ကြံ သတ်ဖြတ်မှုမှာ သူတို့လက်ချက်ဖြစ်ကြောင်း ယင်းဆောင်းပါးတွင် ရေးသားထားသည်။

သို့သော်လည်း ဘင်္ဂလာဒေ့ရှ် အစိုးရကမူ သူတို့ နိုင်ငံတွင် IS မရှိကြောင်း ပြောဆိုသည်။

IS တို့၏ Dabiq မဂ္ဂဇင်းတွင် ပဲရစ်တိုက်ခိုက်မှု ကျူးလွန်သူများနှင့် ရုရှား လေယာဉ် ဗုံးဖေါက်ခွဲသူများကိုလည်း ချီးကျူးထားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

Arakan State
https://www.facebook.com/NarinjaraNews
ဘင်္ဂလာဒေ့ရှ်ကို တိုက်ခိုက်မှု ပိုပြုလုပ်မည်ဟု အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ IS က ခြိမ်းခြောက်  ဘင်္ဂလာဒေ့ရှ်ကို တိုက်ခိုက်မှု ပိုပြုလုပ်မည်ဟု အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ IS က ခြိမ်းခြောက် Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.