နော်ဝေး နိုင်ငံသားကို IS သတ်ဖြတ်

 နော်ဝေနဲ့ တရုတ် ဓားစာခံတွေ သတ်ခံရ
IS အစ္စလာမ္မစ် နိုင်ငံ အုပ်စုက သူတို့ ဖမ်းဆီး ထားတဲ့ နောက်ထပ် ဓားစာခံ ၂ ယောက်ကို သတ်ဖြတ် ခဲ့ကြောင်း ပြောကြား လိုက်ပါတယ်။

နော်ဝေးနိုင်ငံသား တယောက်နဲ့ တရုတ် နိုင်ငံသား တယောက်ကို သူတို့ အစိုးရ တွေက ပြန်ရွေးဖို့ ပျက်ကွက် လို့ သတ်ခဲ့တာ လို့လည်း ဆိုပါတယ်။

ဒီလူ ၂ ယောက်ရဲ့ ရုပ်အလောင်း ပုံတွေ ကိုလည်း IS ဘက်က ထုတ်ပြ ရာမှာ သူတို့ ဦးခေါင်းတွေကို ပစ်သတ်ခံရပုံ ပေါ်ပါတယ်။

သက်သေ အထောက်အထား တွေ အရ နော်ဝေး နိုင်ငံသား Ole Johan Grimsgaard-Ofstad ကို သတ်ဖြတ် ခဲ့ပုံရတယ်လို့ နော်ဝေး ဝန်ကြီးချုပ် Erna Solberg က ဆိုပါတယ်။

ဒီသတ်ဖြတ်မှု အတွက်လည်း သူက ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

ဒီသေဆုံးမှု တွေ အတွက် တုန်လှုပ် ခြောက်ခြားကြောင်း တရုတ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
နော်ဝေး နိုင်ငံသားကို IS သတ်ဖြတ် နော်ဝေး နိုင်ငံသားကို IS သတ်ဖြတ် Reviewed by THITHTOOLWIN on 05:25 Rating: 5
Powered by Blogger.