ဆီးရီးယားအစိုးရတပ်တွေ IS ပိတ်ဆို့မှုကို ထိုးဖောက်နိုင်

  အစိုးရတပ် ရဲ့ စစ်ကူ စစ်ကြောင်း ဟာ IS တွေ ကို ထိုးဖောက်ပြီး ကွေးရက်စ် စခန်းထဲ က သူတွေ နဲ့ ပူးပေါင်း နိုင်ခဲ့။
 ဆီးရီးယား မြောက်ပိုင်း အလက်ပ်ပို ဒေသ ထဲ က အချက်အချာ ကျတဲ့ လေတပ် စခန်း တစ်ခု ကို အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ က ၂ ရက် ကြာ ဝိုင်းဝန်း ပိတ်ဆို့ ထားတာ ကို ဆီးရီးယား အစိုးရတပ် တွေ က ချိုးဖျက် လိုက် နိုင် ပြီ ဖြစ်ပါတယ်။

အစိုးရတပ် ရဲ့ စစ်ကူ စစ်ကြောင်း ဟာ IS တွေ ကို ထိုးဖောက်ပြီး ကွေးရက်စ် စခန်းထဲ က သူတွေ နဲ့ ပူးပေါင်း နိုင်ခဲ့ ကြပါတယ်။

လေထဲ ကို သေနတ် နဲ့ ပစ်ဖောက် အောင်ပွဲ ခံနေကြတဲ့ စစ်သားတွေ ကို ဆီးရီးယား အစိုးရ ရုပ်မြင်သံကြား မှာ ပြသ နေပြီး စခန်း ရှိရာ ဆီကို နောက်ထပ် အစိုးရ ကို လိုလားတဲ့ လက်နက်ကိုင်တွေ တဖွဲဖွဲ ဝင်ရောက် လာနေ ကြပါတယ်။

ဆီးရီးယား ပြည်တွင်းစစ် မှာ ရုရှား က စစ်ရေး အရ ဝင်ရောက် စွက်ဖက်ပြီး သမ္မတ ဘရှား အယ်လ် အာဆတ် ရဲ့ တပ်ဖွဲ့ တွေကို လေကြောင်း ပစ်ကူ တွေ ပေးလာ ခဲ့ တဲ့ နောက် အခု တိုက်ပွဲ ဟာ ပထဆုံး အကြိမ် သိသာ ထင်ရှားတဲ့ အောင်ပွဲ ရလိုက်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားအစိုးရတပ်တွေ IS ပိတ်ဆို့မှုကို ထိုးဖောက်နိုင်   ဆီးရီးယားအစိုးရတပ်တွေ IS ပိတ်ဆို့မှုကို ထိုးဖောက်နိုင် Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.