အကြမ်းဖက်မှုမှာ ကူညီခဲ့တယ်လို့ Fatima ဝန်ခံ

Fatima Elomar က အကြမ်းဖက်မှုမှာ ထောက်ပံ့ကူညီတာတွေ လုပ်ခဲ့တယ်လို့ တရားရုံးမှာ ဝန်ခံ (Credit: AAP)
သြစတြေးလျနိုင်ငံက ​IS ​အကြမ်းဖက်သမား ​Mohamed ​Elomar ​ရဲ့ ​ဇနီးသည် ​Fatima ​Elomar ​က ​အကြမ်းဖက်အဖွဲ့အစည်းကို ​ထောက်ပံ့မှုတွေ ​လုပ်ခဲ့တယ်လို့ ​ဝန်ခံခဲ့ပါတယ်။

Fatima ​Elomar ​ရဲ့ ​ခင်ပွန်းသည်ကတော့ ​IS ​မှာ ​လှုပ်ရှားရင်း ​သေဆုံးသွားပြီလို့ ​ယူဆနေကြပါတယ်။

အသက် ​၃၁ ​နှစ်အရွယ် ​Fatima ​Elomar ​က ​အရင်နှစ် ​မေလတုန်းကပဲ ​ကလေး ​၄ ​ယောက်နဲ့ ​မလေးရှားနိုင်ငံကို ​လေယာဉ်နဲ့ ​သွားဖို့ ​စီစဉ်နေတုန်းမှာပဲ ​သြစတြေးလျ ​နိုင်ငံက ​အကြမ်းဖက် ​နှိမ်နင်းရေးအဖွဲ့က ​ဖမ်းဆီးခဲ့တာ ​ဖြစ်ပါတယ်။

Fatima ​ကို ​ဆေးဝါးတွေ၊ ​ငွေသားတွေအပြင် ​camouflage ​အသုံးအဆောင်တွေနဲ့အတူ ​ဖမ်းမိတာ ​ဖြစ်ပါတယ်။

အခုအချိန်အထိ ​အာမခံနဲ့ ​လွှတ်ထားပြီး ​လာမယ့်နှစ် ​ဧပြီလ ​၁ ​ရက်ကြမှ ​ပြစ်ဒဏ် ​ချမှတ်မှာ ​ဖြစ်ပါတယ်။

Fatima ​ရဲ့ ​ခင်ပွန်းဟာ ​IS ​အဖွဲ့မှာ ​အရာရှိ ​တစ်ဦးလို့ ​သုံးသပ်နေကြပြီး ​ဇွန်လတုန်းက ​သေဆုံးသွားတာလို့ ​ယူဆနေကြပါတယ်။

သူဟာ ​Yazidi ​ဘာသာဝင် ​အမျိုးသမီးတွေကို ​ကျွန်ပြုသူတွေထဲမှာ ​ပါဝင်တယ်လို့လည်း ​ယူဆနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အကြမ်းဖက်မှုမှာ ကူညီခဲ့တယ်လို့ Fatima ဝန်ခံ  အကြမ်းဖက်မှုမှာ ကူညီခဲ့တယ်လို့ Fatima ဝန်ခံ Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.