ပဲရစ်အကြမ်းဖက်”အသေခံဗုံးခွဲသူ” ၏ Facebook အကောင့်ထွက်ပေါ်လာ


 ပြင်သစ်နိုင်ငံသတင်းများအရ နိုဝင်ဘာလ ၁၆ရက် သတင်းများအရ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Stade de France အားကစားရုံရှေ့တွင် အသေခံဗုံးခွဲသူ Bilal Hadfi ၏ Facebook ရှိအချက်အလက်များစတင်ထွက်ပေါ်လာသည်။ ထိုသူ၏ profileစာမျက်နှာ တွင်ဓာတ်ပုံများအမြောက်အများ တင်ထားတာကိုတွေ့ရှိရသည်။


ယခင်တစ်ပတ်က Hadfi ပါဝင်သော ၃ဦးအဖွဲ့သည် ပြင်သစ်နိုင်ငံ Stade de Franceတွင် ကျင်းပပြုလုပ်မည့် Germany League ပြိုင်ပွဲတွင်တိုက်ခိုက်ရန် ကြိုတင်စီစဉ်ထား ခဲ့ကြသည်။ ထောက်လှမ်းရေးwebsiteတစ်ခုဖြစ်သော Bellingcat က အသက်၂၀ အရွယ် ရှိသော Bilal Hadfi၏ ယခင်အမည်မှာ Billy du Hoodဖြစ်ပြီး ၂၀၁၄ခုနှစ် နွေဦးရာသီမတိုင်မှီကတည်းကပင် အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS ၏တိုက်ခိုက်ရေး အစွန်းရောက် အဖွဲ့ဝင်လည်းဖြစ်သည်။ တစ်နှစ်နောက်ပိုင်းတွင် မိုဘိုင်းဖုန်းနှင့်ရိုက်ကူးထား သည်ဟုယူဆရသော submachine gunပုံကိုတင်ထားခဲ့သည်။


Hadfi၏ Facebookအချက်လက်များကို အမှုတွဲထဲတွင် ထည့်သွင်းလိုက်ပြီဖြစ်သည်။ ၂၀၁၃ခုနှစ်တွင်ရိုက်ကူးထားသော ဓာတ်ပုံများအရ သူသည် မျက်နှာအုပ်ထားသော အခြားသော အမျိုးသားတို့နှင့်အတူ ရဲကားပေါ်တွင်ရပ်၍ရိုက်ကူးထားသောပုံပေါ်တွင် ရဲအဖွဲ့ကိုရင့်သီးစွာရေးသားထားသောစာများကိုလည်းတွေ့ရှိခဲ့ရသည်။ Bellingcat က သူ၏ Facebookစာမျက်နှာပေါ်ရှိပုံများ နှင့် ပုံတူပန်းချီများကို သတိထားခဲ့မိကြပြီး သူသည် Facebookအကောင့်ကို အသုံးပြုကာအခြားသော တိုက်ခိုက်သူများနှင့် အဆက်အသွယ် များရှိနိုင်ကြောင်းကိုလည်းတွေ့ရှိထားသည်။

china.com Myanmar
https://www.facebook.com/china.com.mm/
ပဲရစ်အကြမ်းဖက်”အသေခံဗုံးခွဲသူ” ၏ Facebook အကောင့်ထွက်ပေါ်လာ  ပဲရစ်အကြမ်းဖက်”အသေခံဗုံးခွဲသူ” ၏ Facebook အကောင့်ထွက်ပေါ်လာ Reviewed by THITHTOOLWIN on 11:57 Rating: 5
Powered by Blogger.