ဆော်ဒီ၏ F-16 တိုက်လေယာဉ်ကို ယီမင်ကပစ်ချပြီး လေယာဉ်မှူးကို ဖမ်းဆီး


ဆာနား ၊ ၆-၁၁-၂ဝ၁၅

ယီမင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့သည် ဆာနားပြည်နယ် အနောက်ပိုင်း ဘိုင်ဘတ် အယ်လ်ရပ်စ်မြို့ ၌ ဆော်ဒီအာရေဗျ နိုင်ငံမှ F-16 တိုက်လေယာဉ်ကို ပစ်ချ နိုင်ခဲ့ကြောင်း ယီမင် တာဝန်ရှိ သူများက နိုဝင်ဘာ ၅ ရက်တွင် ပြောကြား ထားကြောင်း Press TV သတင်းတစ်ရပ် အရ သိရသည်။

ထို့ပြင် ယီမင်တပ်ဖွဲ့ဝင် များသည် အဆိုပါ ဆော်ဒီ တိုက်လေယာဉ်မှ လေယာဉ်မှူး ကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။ ယီမင် တပ်ဖွဲ့ဝင် များသည် ပြီးခဲ့သည့် လအနည်းငယ် အတွင်း ဆော်ဒီ စစ်လေယာဉ် များနှင့် မောင်းသူမဲ့ လေယာဉ်များကို နိုင်ငံ အနှံ့အပြား၌ ပစ်ချ နိုင်ခဲ့ကြောင်း ယီမင်တာဝန်ရှိ သူများက ဆာဘား သတင်းဌာနမှ တစ်ဆင့် ပြောကြား ထားသည်။

အောက်တိုဘာ ၉ ရက်တွင် ယီမင် တပ်ဖွဲ့သည် ဆော်ဒီနိုင်ငံ၏ သူလျှို မောင်းသူမဲ့ လေယာဉ်ကို လည်းကောင်း၊ မေလ နှောင်းပိုင်းတွင် ယီမင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့သည် ဆော်ဒီ စစ်ဘက်၏ F-16 တိုက်လေယာဉ် ကို လည်းကောင်း၊ မေ ၁၁ ရက်တွင် ယီမင်နိုင်ငံ၏ ဝေဟင် ပိုင်နက် အတွင်းသို့ ဝင်ရောက်လာသော မော်ရိုကို တိုက်လေယာဉ်ကို လည်းကောင်း ပစ်ချ နိုင်ခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံသည် ယခုနှစ် မတ် ၂၆ ရက်မှ စတင်၍ ယီမင်နိုင်ငံကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်မှု များကြောင့် ယီမင်နိုင်ငံ အတွင်း ယခုအချိန်ထိ သေဆုံးသူ ၇၁ဝဝ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ဝဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဆော်ဒီ၏ F-16 တိုက်လေယာဉ်ကို ယီမင်ကပစ်ချပြီး လေယာဉ်မှူးကို ဖမ်းဆီး   ဆော်ဒီ၏ F-16 တိုက်လေယာဉ်ကို ယီမင်ကပစ်ချပြီး လေယာဉ်မှူးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.