El Nino ရေကြီးမှုကြောင့် တစ်သိန်းလောက် ဒုက္ခရောက်နိုင်

ဒုက္ခရောက်နေတဲ့ လူတွေကို အကူအညီပေးနေတဲ့ ကူညီကယ်ဆယ်ရေးသမား (Credit: AFP) 
 အီသီယိုးပီးယားနိုင်ငံမှာ ​El ​Nino ​ရာသီဥတုဖြစ်စဉ်နဲ့ ​ဆက်စပ်တဲ့ ​ရေကြီးမှုကြောင့် ​လူပေါင်း ​တစ်သိန်းကျော် ​ရွေးပြောင်းနေထိုင်မှုတွေ ​ကြုံရနိုင်တယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

အီသီယိုးပီးယားနိုင်ငံမှာ ​လူပေါင်း ​၈ ​သန်းကျော် ​အစာ ​ရေစာ ​မလုံလောက်မှုတွေနဲ့ ​ကြုံနေရတုန်း ​ရေကြီးမှု ​ဖြစ်နေတဲ့အတွက် ​ထပ်မံဒုက္ခရောက်နေရတာပါ။

အယ်လ်နီနို ​ရာသီဥတုကြောင့် ​နိုင်ငံရဲ့ ​မြောက်ပိုင်း၊ ​အရှေ့ပိုင်းနဲ့ ​အလယ်ပိုင်းမှာ ​မိုးခေါင်ရေရှားမှု ​ဖြစ်နေလို့ ​ဒုက္ခရောက်နေတုန်းမှာပဲ ​နိုင်ငံရဲ့ ​တောင်ပိုင်းနဲ့ ​အရှေ့တောင်ပိုင်းမှာ ​ရေကြီးမှု ​ဖြစ်ပေါ်နေတာပါ။

နွေဦးရာသီနဲ့ ​နွေရာသီမှာ ​မိုးမရွာလို့ ​အစားအသောက်နဲ့ ​ရေတွေ ​ရှားပါးနေတာ ​ဖြစ်ပြီး ​အီသီယိုးပီးယားနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြဿနာကို ​ဖြေရှင်းဖို့ ​ဒေါ်လာ ​သန်းပေါင်း ​၆၀၀ ​လိုအပ်တယ်လို့ ​အစိုးရက ​ပြောပါတယ်။

၁၉၈၄ ​ခုနှစ်တုန်းကလည်း ​အီသီယိုးပီးယား ​နိုင်ငံမှာ ​မိုးခေါင် ​ရေရှားမှု ​အကြီးအကျယ် ​ဖြစ်ပေါ်ခဲ့ဖူးတာကြောင့် ​လူပေါင်း ​သိန်းနဲ့ချီ ​သေဆုံးခဲ့ရပါတယ်။

အဲဒီ ​ဖြစ်ရပ်ကြောင့်လည်း ​အီသီယိုးပီးယားနိုင်ငံလို့ ​ပြောလိုက်တာနဲ့ ​ဆင်းရဲတဲ့ ​ကလေးတွေကိုပဲ ​မျက်စိထဲ ​မြင်ပြီး ​အင်မတန် ​ဆင်းရဲတဲ့ ​နိုင်ငံလို့ပဲ ​စိတ်ထဲမှာ ​စွဲကျန်ရစ်စေခဲ့ပါတယ်။

ဒါပေမဲ့ ​အခုအခါမှာ ​ကမ္ဘာ့စီးပွားရေး ​တိုးတက်မှု ​အမြန်ဆုံးနိုင်ငံ ​စာရင်းထဲ ​ပါဝင်လာတဲ့အတွက် ​မိုးခေါင်ရေရှားတဲ့ ​ပြဿနာနဲ့ ​ရေကြီးတဲ့ ​ပြဿနာကို ​တပြိုင်ထဲ ​ခံစားရပေမယ့် ​အရင်လို ​လူသိန်းနဲ့ချီ ​သေဆုံးရမယ့် ​အခြေအနေအထိ ​ရောက်ရှိမှာ ​မဟုတ်ဘူးလို့ ​ခန့်မှန်းနေကြပါတယ်။

သိန်းနဲ့ချီ ​သေဆုံးတဲ့အထိ ​ဒုက္ခမရောက်ပေမယ့်လည်း ​ရေကြီးမူကြောင့် ​လူပေါင်း ​နှစ်သိန်းကျော် ​ထိခိုက်နစ်နာနေရပြီး ​တစ်သိန်းကျော် ​နေရာရွှေ့ပြောင်းမှု ​လုပ်ရမယ့် ​အနေအထား ​ရှိနေတာ ​ဖြစ်ပါတယ်။

ကလေးငယ်တွေ ​မစာအဟာရ ​ငတ်ပြတ်မှု ​မဖြစ်အောင် ​လုပ်ဆောင်ဖို့ ​အကူအညီတွေ ​လိုအပ်နေဆဲ ​ဖြစ်ပြီး ​အစားအသောက်တွေ ​ရရှိဖို့ ​အီသီယိုးပီးယား ​အစိုးရက ​ဂျုံတန်ချိန်ပေါင်း ​ခြောက်သိန်းကို ​ဝယ်ယူနေပြီး ​ဒီတစ်ပတ်အတွင်း ​ရောက်ရှိလာလိမ့်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

El Nino ရေကြီးမှုကြောင့် တစ်သိန်းလောက် ဒုက္ခရောက်နိုင် El Nino ရေကြီးမှုကြောင့် တစ်သိန်းလောက် ဒုက္ခရောက်နိုင် Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.