Brussels မှာ လုံခြုံရေး မြင့်ထားဆဲ၊ ၁၆ ဦးကို ဖမ်းဆီး

ဘရာဆဲလ်မြို့မှာ ဘယ်လ်ဂျီယံ စစ်သားတွေ ကင်းလှည့်နေစဉ် (Credit: Reuters) 
 ဘယ်လ်ဂျီယံနိုင်ငံ ​ဘရာဆဲလ် ​Brussels ​မြို့မှာ ​ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုမျိုး ​ဖြစ်မှာကို ​စိုးရိမ်လို့ ​လုံခြုံရေးအဆင့် ​တပ်လှန့်မှုကို ​အမြင့်ဆုံး ​ချမှတ်ထားဆဲ ​ဖြစ်ပါတယ်။

အိမ် ​၁၉ ​လုံးကိုလည်း ​ရဲတွေက ​ဝင်စီးပြီး ​၁၆ ​ယောက်ကို ​ဖမ်းဆီးထားတယ်လို့ ​ဆိုပါတယ်။

ဘယ်လ်ဂျီယံမှာ ​အကြမ်းဖက်မှု ​လုပ်မယ်ဆိုတဲ့ ​ခြိမ်းခြောက်မှုကို ​အစိုးရအနေနဲ့ ​အလေးအနက်ထားပြီး ​ဖြစ်နိုင်ခြေရှိတဲ့အရာလို့ ​မြင်တဲ့အတွက် ​တပ်လှန့်မှု ​အဆင့်ကို ​ဆက်လက် ​မြင့်ထားတာ ​ဖြစ်တယ်လို့ ​ဝန်ကြီးချုပ် ​Charles ​Michel ​က ​ပြောပါတယ်။

ဘယ်လ်ဂျီယံ ​ရဲတွေရဲ့ ​အဆိုအရ ​အကြမ်းဖက်မှု ​ဖြစ်နိုင်တဲ့ ​လှုပ်ရှားမှုတွေ ​တစ်ခုထက် ​မနည်းရှိတယ်လို့ ​ပြောပြီးနောက် ​မနေ့တုန်းကပဲ ​လုံခြုံရေး ​အဆင့် ​၄ ​ကနေ ​အဆင့် ​၅ ​ကို ​မြင့်လိုက်တာ ​ဖြစ်ပါတယ်။

လုံခြုံရေး ​အဆင့်ကို ​တိုးမြင့်ပြီးတဲ့နောက်ပိုင်း ​စနေနေ့တုန်းကတော့ ​မြို့တော် ​ဘရာဆဲလ် ​မြို့မှာ ​မြို့ပတ် ​ရထား ​ပြေးဆဲမှုကို ​ရပ်ဆိုင်းထားသလို ​လူများတဲ့ ​နေရာကို ​မသွားဖို့ ​သတိပေးထားပါတယ်။

ဒီလို ​လုပ်ဆောင်ချက်ကြောင့် ​လူအများအပြားကို ​အခက်အခဲ ​ဖြစ်စေမှာကို ​နားလည်ပေမယ့် ​ပုံမှန်အခြေအနေ ​ပြန်ရောက်နိုင်အောင် ​အတတ်နိုင်ဆုံး ​လုပ်ပေးမယ်လို့ ​ကတိပေးထားပါတယ်။

ဘရာဆဲလ်မြို့မှာ ​နိုင်ငံတကာ ​သံတမန်တွေ ​စုဝေးရာ ​နေရာ ​ဖြစ်ပြီး ​ဥရောပ ​သမဂ္ဂ ​အီးယူရုံး၊ ​နေတိုး ​မဟာမိတ်အဖွဲ့ရုံး၊ ​ကုလသမဂ္ဂ ​အပြင် ​တခြား ​အရေးကြီးတဲ့ ​စီးပွားရေး၊ ​နိုင်ငံရေး ​ဆွေးနွေးမှုတွေ ​ပြုလုပ်လေ့ရှိတဲ့ ​နေရာလည်း ​ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံရဲ့ ​တခြားမြို့တွေမှာတော့ ​လုံခြုံရေးအဆင့် ​တပ်လှန့်မှု ​အဆင့် ​၃ ​နေရာမှာ ​ဆက်လက် ​ထားရှိနေဆဲ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Brussels မှာ လုံခြုံရေး မြင့်ထားဆဲ၊ ၁၆ ဦးကို ဖမ်းဆီး Brussels မှာ လုံခြုံရေး မြင့်ထားဆဲ၊ ၁၆ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.