ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ မြေး ဖြစ်သူ နေရွှေသွေးအောင်သည် ကြိုတင်မဲမပေးသင့်ကြောင်း ဝေဖန် ပြောကြား




ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်(ဖိုးလပြည့်) က
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းစိန်ကို ယုံကြည်သည်ဟု
ရေးသား၍ ကြိုတင်မဲပေးခဲ့သည်ကို ၎င်း၏ ဖေ့စ်ဘွတ်ပေါ်တွင် တင်ခဲ့သည်နှင့်
ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က
တိုက်ရိုက် ဝေဖန်လိုက်သည်။

"အမှန် သူလိုလူ က ကြိုတင်မဲ မပေးသင့်ဘူး။ မဲရုံမှာပေးသင့်တယ်လို့ မြင်ပါတယ်” ဟု
ဦးရဲထွဋ်၏ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန် ရေးသားထားသည်။

ထို့အတူ ကြိုတင်မဲပေးချင်သူ မည်သူမဆို သက်ဆိုင်ရာ ကော်မရှင်တွင်
လျှောက်ထား၍ ရကြောင်း၊ သို့သော် သင့်မသင့် စဉ်းစားရမည်ဖြစ်သည်ဟုလည်း
ဦးရဲထွဋ်က ဆိုထားသည်။

“သမ္မတကအစ နိုင်ငံသားတစ်ဦးအနေနဲ့သမိုင်းဝင်လက်သန်းကို မှင်တို့ခံဖို့
ကိုယ်တိုင်မဲပေးတယ်၊ လူငယ်လေးက အခွင့်အရေးကို အလွဲသုံးတယ်၊ ပြီးတော့
အရှက်မရှိ ဓာတ်ပုံရိုက်တင်တယ် ။ မလုပ်သင့်ဘူး ။ ဒါကို သူ့အရှေ့မှာလည်း
ပြောရဲပါတယ်” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ဦးရဲထွဋ်၏ ရေးသားချက်နှင့်ပတ်သက်၍ Jack Son အမည်ဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူက
မှန်တာပေါ့ ဦးရဲထွဋ်၊ အရှိန်အဝါ မကုန်သေးလို့လား-ဘဝမြင့်ရောဂါ ကျန်နေသေးလို့
လား...အခုခေတ်ကပြောရင်-*ဒို့ခေတ်ရောက်ပြီ ဟု မှတ်ချက်ပြု ရေးသားထားသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ မြေး ဖြစ်သူ နေရွှေသွေးအောင်သည် ကြိုတင်မဲမပေးသင့်ကြောင်း ဝေဖန် ပြောကြား  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ မြေး ဖြစ်သူ နေရွှေသွေးအောင်သည် ကြိုတင်မဲမပေးသင့်ကြောင်း ဝေဖန် ပြောကြား Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.