ပြည်ခိုင်ဖြိုး ၈၀% နိုင်ဖို့ မှန်းထားကြောင်း ဦးဌေးဦးပြော


 လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီအနေနဲ့ ၈၀ ရာခိုင်နှုန်းထိ အနိုင်ရဖို့ မှန်းထားကြောင်း ပူးတွဲဥက္ကဌ ဦးဌေးဦးက ဘီဘီစီကို ပြောပါတယ်။

''ကျွန်တော်တို့ တွက်ထားတာတော့ ၈၀%။ သို့သော်လည်းပဲ ကျွန်တော် အဲဒါ လျော့ထားတယ်။ ၆၅ နဲ့ ၈၀ ကြားထဲ ရမယ်။''

ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတွေမှာ အလားအလာကောင်းတယ်လို့ တွက်ချက်ထားကြောင်း ဦးဌေးဦးက ပြောပါတယ်။

နှစ်စပိုင်းမှာ အခြေအနေမကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ လူထုနဲ့ ထိတွေ့မှု များလာတဲ့အချိန်မှာ အခြေအနေပိုကောင်းလာတယ်လို့ ကြံ့ခိုင်ရေးရဲ့ လူထုစစ်တမ်းအရ သိရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကြေငြာကောင်းတဲ့အတွက် ပြိုင်ဘက် ပါတီဘက် ပါသွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

''တစ်ခုတော့ ရှိတာပေါ့။ ကြော်ငြာကောင်းရင်လည်း ပါတတ်တယ်။ ကျွန်တော် ပြောလေ့ပြောထရှိတယ်။ ဆေးရောင်းတယ်။ ထက်ထက်မိုးဦး ကြော်ငြာတယ်။ ကြော်ငြာသာ ပြီးသွားတယ်။ ဆေး ဘာမှန်း မသိလိုက်ဘူး။ ထက်ထက်မိုးဦးကြည့်ပြီးတော့မှ ဒီဆေး ဝယ်ဖြစ်သွားတာပေါ့။''

ဘာပဲ ဖြစ်ဖြစ် လူထုအဆုံးအဖြတ်ကို လက်ခံမယ်လို့ ဦးဌေးဦးက ဟင်္သာတမှာ မဲပေးရင်း ဘီဘီစီကို ပြောသွားတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ပြည်ခိုင်ဖြိုး ၈၀% နိုင်ဖို့ မှန်းထားကြောင်း ဦးဌေးဦးပြော   ပြည်ခိုင်ဖြိုး ၈၀% နိုင်ဖို့ မှန်းထားကြောင်း ဦးဌေးဦးပြော Reviewed by THITHTOOLWIN on 23:47 Rating: 5
Powered by Blogger.