ဘန်ကီမွန်း မြောက်ကိုရီးယား သွားလည်မယ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Credit: Reuters)
ကုလသမဂ္ဂရဲ့ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​ဒီတစ်ပါတ်အတွင်း ​မြောက်ကိုရီးယား ​နိုင်ငံကို ​လည်ပတ်ဖို့ ​ရှိတယ်လို့ ​သိရပြီး ​ကိုရီးယား ​နှစ်နိုင်ငံအကြား ​ဆက်ဆံရေး ​တိုးတက်လာဖို့ ​မျှော်လင့်နေကြပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူး ​တာဝန်ယူစဉ်အတွင်း ​ဘန်ကီမွန်းအတွက် ​ပထမဦးဆုံးသော ​မြောက်ကိုရီးယား ​ခရီးစဉ်ဖြစ်ပြီး ​ဒီခရီးစဉ်ကြောင့် ​တောင်နဲ့ ​မြောက် ​ကိုရီးယားအကြား ​ဆက်ဆံရေး ​တိုးတက်လာနိုင်တယ်လို့ ​သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားရဲ့ ​နျူကလီးယား ​စမ်းသပ်မှုတွေနဲ့ ​ပတ်သက်ပြီး ​စိုးရိမ်မကင်း ​ဖြစ်ကြတုန်းမှာပဲ ​မကြာသေးခင်တုန်းကပဲ ​မြောက်ကိုရီးယားက ​အရှေ့ဘက် ​ကမ်းရိုးတန်းဒေသမှာ ​ကန့်သတ်နယ်မြေအထိ ​သတ်မှတ်လိုက်တဲ့အတွက် ​အဲဒီဒေသမှာ ​လက်နက်တွေ ​စမ်းသပ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

မေလတုန်းကလည်း ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးက ​မြောက်ကိုရီးယား ​နယ်စပ်မြို့ ​တစ်မြို့ကို ​သွားရောက်ဖို့ ​စီစဉ်ခဲ့ပေမယ့် ​လည်ပတ်မယ့်ရက် ​မရောက်ခင်မှာပဲ ​မြောက်ကိုရီးယားက ​ဖိတ်ခေါ်ချက်ကို ​ရုပ်သိမ်းခဲ့ပါတယ်။

ဘန်ကီမွန်းဟာ ​တောင်ကိုရီးယား ​နိုင်ငံခြားရေး ​ဝန်ကြီးဟောင်း ​ဖြစ်ခဲ့ပြီး ​တောင်နဲ့မြောက် ​ကိုရီးယားအကြား ​ရင်ကြားစေ့ရေးကို ​လိုလားသူ ​ဖြစ်သလို ​မြောက်ကိုရီးယားရဲ့ ​နျူကလီးယား ​ကိစ္စကိုလည်း ​ဖြေရှင်းလိုသူ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဘန်ကီမွန်း မြောက်ကိုရီးယား သွားလည်မယ် ဘန်ကီမွန်း မြောက်ကိုရီးယား သွားလည်မယ် Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.