ပဲရစ် အသေခံဗုံးခွဲသမား နောက်တစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်

 ပြင်သစ်ရဲ တွေ ထုတ်ပြန်လိုက်တာ ဟာ M. Al Mahmod ဆိုတဲ့ နာမည် ပိုင်ရှင် ရဲ့ ဓာတ်ပုံ ဖြစ်တယ် လို့ ဘီဘီစီ အနေနဲ့ နားလည် ထားပါတယ်။
 ပဲရစ်မြို့တော်ကို တိုက်ခိုက် ခဲ့ကြသူတွေ ထဲက တတိယမြောက် အသေခံ ဗုံးခွဲသမားရဲ့ ဓာတ်ပုံကို ပြင်သစ်ရဲ တပ်ဖွဲ့က ထုတ်ပြန် လိုက် ပါတယ်။

အဲဒီ့ သူဟာ ပြင်သစ် အမျိုးသား ဘောလုံးကွင်း စတာဒါဖရန့်စ် မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ပစ်ခဲ့တာပါ။

အဲဒီ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မျက်မြင်တွေ့ မြင် ခဲ့ကြ သူတွေ ကို ရဲတပ်ဖွဲ့ နဲ့ ဆက်သွယ်ဖို့ လည်း တိုက်တွန်း ထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ လ က ဆီးရီးယား ကနေ တူရကီ ၊ တူရကီ ကနေ ဂရိ ကျွန်း လီရော့စ် ကို ကူးလာပြီး ဥရောပ ထဲ ဝင်ရောက် လာသူ ဖြစ်တယ် လို့ ယူဆ ရပါတယ်။

သူနဲ့ အတူ ပဲရစ်မြို့ ကို တိုက်ခိုက် ခဲ့သူတွေ ထဲ က အာမက်ဒ် အယ်လ် မိုဟာမက်ဒ် ဆိုတဲ့ နောက်တစ်ဦး လည်း အတူ လိုက်ပါ လာခဲ့ပါတယ်။

အေသင် မြို့တော် က ဘီဘီစီ သတင်းထောက် ရဲ့ အဆိုအရ အဲဒီ့ နှစ်ဦး ပါဝင် တဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ အုပ်စုထဲမှာ နောက်ထပ် ၄ ဦး လည်း ပါဝင် ခဲ့ပြီး အဲဒီ့ သူတွေ အခု ဘယ်ရောက် နေသလဲ ဆိုတာ မသိရဘူး လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပဲရစ် အသေခံဗုံးခွဲသမား နောက်တစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်   ပဲရစ် အသေခံဗုံးခွဲသမား နောက်တစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန် Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.