အလိုမတူ အတင်းအဓမ္မ သားမယားပြုကျင့်မှုဖြစ်ပွား


  နတ်တလင်း နိုဝင်ဘာ ၂၉

 ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် ကျွန်းကလေးကျေးရွာ အုပ်ကျွန်း ကလေးရွာနေ ပန်းရန်လုပ်သား ကျော်စိုး(၃၃နှစ်)က သာဇီရပ်ကွက် သာဇီလမ်းနေ မ----အား အလို မတူဘဲအဓမ္မ သားမယားပြုကျင့် ကြောင်း အဒေါ်ဖြစ်သူ မ---က မြို့မရဲစခန်းသို့ လာရောက်တိုင် ကြားခဲ့သည်။

အမှုစစ်ဒုရဲမှူး ကျော်ဌေးက စစ်ဆေးမေးမြန်ရာ ယခုလ ၂၇ ရက် ညနေ ၄ နာရီ တွင် မ---- ၏ တူမအရင်း မ---(၁၅နှစ်)သည် စက်ဘီးဖြင့် ကွမ်းဝယ်ရန် ထွက်သွားရာ ညနေ ၆ နာရီတွင် အိမ်ပြန်ရောက်ပြီး သေချင်တယ်ဟုငိုပြီး ထပ်ခါ ထပ်ခါ ပြောသဖြင့် တရားလိုနှင့် ယောက်မတော်စပ်သူ မ----က ဘာဖြစ်လာတာလဲဟု မေးမြန်း ကြည့်ရာ မ----က စက်ဘီး ဖြင့်ကွမ်းဝယ်ထွက်သွားစဉ် ယခင် ကတည်းက ခင်မင်သိကျွမ်းသူ ကျွန်းကလေးတောင်စုရွာနေ ကျော် စိုးက အရေးကြီးကိစ္စရှိသည်ဆိုပြီး ပေါက်ပင်သင်္ချိုင်းသို့ခေါ်သွားကာ ချုံတောထဲတွင် မ----အား အလို မတူဘဲအတင်းအဓမ္မ သားမယား ပြုကျင့်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ရဲလုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက် ကာ အမှုစစ်ကတရားခံ ကျော်စိုး အား(ပ)၃၂ဝ/၂ဝ၁၅ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

မိုးကြီး(နတ်တလင်း)
The Union Daily
https://www.facebook.com/uniondaily.net
အလိုမတူ အတင်းအဓမ္မ သားမယားပြုကျင့်မှုဖြစ်ပွား   အလိုမတူ အတင်းအဓမ္မ သားမယားပြုကျင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:29 Rating: 5
Powered by Blogger.