ကြိုတင်မဲထုတ်တွေကို ကော်မရှင် ချိတ်ပိတ်


 ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ ဒီကနေ့ နေ့လည်က တောင်ကြီးမြို့နယ် ကော်မရှင်ထံကို ကြိုတင်မဲထုပ်တွေ ရောက်ရှိလာရာမှာ မဲကွာဟတာများနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ကန့်ကွက်တာကြောင့် ကော်မရှင်က အဲဒီမဲထုပ်တွေကို ချိတ်ပိတ်လိုက်ပါတယ်။

တောင်ကြီးမြို့နယ် ကော်မရှင်ထံကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော် ကြိုတင်မဲထုပ် နှစ်ခုပေါင်းမှာ မဲအရေအတွက် ၉၈၄ မဲရှိပြီး အဲဒီမဲတွေမှာ ပြည်ခိုင်ဖြိုးပါတီက ၉၄၄ ရရှိပြီး ပယ်မဲ၃၆ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၁ မဲ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂မဲ၊ ကျားဖြူ ပါတီက ၁ မဲသာ ရရှိတယ်လို့ ပါရှိတာဖြစ်ပါတယ်။

မဲအလွန်ကွာဟနေတာအပြင် ကြိုတင်မဲတွေကို ထည့်လာတဲ့ အိတ်ကိုကပ်ထားတဲ့ကော်က မခြောက်သေးတဲ့အတွက် ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် ပအမဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLNDနဲ့ ကျားဖြူပါတီကိုယ်စားလှယ်တွေက လက်မှတ်ထိုးကန့်ကွက်ကြပါတယ်။

အဲဒီမဲတွေကို တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

Photo: Khun Yarar/RFA

RFA Burmese
https://www.facebook.com/RFA-Burmese
ကြိုတင်မဲထုတ်တွေကို ကော်မရှင် ချိတ်ပိတ်   ကြိုတင်မဲထုတ်တွေကို ကော်မရှင် ချိတ်ပိတ် Reviewed by THITHTOOLWIN on 23:36 Rating: 5
Powered by Blogger.