တူနီးရှား သမ္မတရဲ့ အစောင့်ကား တိုက်ခိုက်ခံရ ၁၂ ဦးသေ

သေဆုံးသူတွေရဲ့ မိသားစုတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်လာစဉ် (Credit: AFP) 
 တူနီးရှား ​သမ္မတရဲ့ ​အစောင့်တွေကို ​တင်ဆောင်လာတဲ့ ​ကားတစ်စီး ​ပေါက်ကွဲခဲ့ရာက ​သမ္မတအစောင့် ​၁၂ ​ယောက်သေဆုံးပြီး ​၁၆ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ကားထဲမှာ ​ဗုံးထောင်ထားပြီး ​ပေါက်ကွဲခဲ့ဟန် ​ပေါက်တယ်လို့ ​ယူဆနေကြပါတယ်။

ဒီဗုံးပေါက်ကွဲမှုနဲ့ ​ပတ်သက်ပြီး ​ဘယ်အဖွဲ့အစည်းကမှ ​တာဝန်ယူကြောင်း ​ဝန်ခံထားတာ ​မရှိပေမယ့် ​တူနီးရှား ​အစိုးရက ​၂၀၁၁ ​ခုနှစ်နောက်ပိုင်း ​အာဏာရှင် ​Zine ​El ​Abidine ​Ben ​Ali ​ကို ​ရာထူးကနေ ​ဖြုတ်ချပြီးတဲ့နောက် ​အစ္စလာမ်မစ်အဖွဲ့တွေရဲ့ ​တိုက်ခိုက်မှုကို ​ခံခဲ့ရတာ ​ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက ​နိုင်ငံခြားသားတွေကို ​ပစ်မှတ်ထားတဲ့ ​တိုက်ခိုက်မှု ​နှစ်ခုကိုတော့ ​IS ​အဖွဲ့က ​သူတို့ရဲ့ ​လက်ချက်ဖြစ်တယ်လို့ ​ဝန်ခံထားပါတယ်။

တူနီးရှားနိုင်ငံရဲ့ ​မြို့တော် ​Tunis ​မြို့လည်မှာ ​ဗုံးပေါက်ကွဲမှု ​ဖြစ်ပွားပြီးတဲ့နောက် ​အရေးပေါ် ​အခြေအနေနဲ့ ​ကာဖြူးအမိန့်တွေ ​ချမှတ်ထားကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တူနီးရှား သမ္မတရဲ့ အစောင့်ကား တိုက်ခိုက်ခံရ ၁၂ ဦးသေ  တူနီးရှား သမ္မတရဲ့ အစောင့်ကား တိုက်ခိုက်ခံရ ၁၂ ဦးသေ Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.