ပြည်ခိုင်ဖြိုးပါတီကိုသာမဲထည့်ရန် ပြည်သူ့စစ်တပ်ဖွဲ့ညွှန်ကြား


 နိုဝင်ဘာ ၈ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် အခြေစိုက် နားရိုင်း ပြည်သူ့စစ်တပ်ဖွဲ့က ၎င်းထိန်းချုပ်ထားသည့် ကျေးရွာ ၉ ရွာအား ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုသာ မဲပေးရန် ညွှန်ကြားထားသည့် ဟုသိရသည်။

နမ့်ဇန်မြို့နယ် နားရိုင်းပြည်သူ့စစ် ထိန်းချုပ်ထားသည့် ကန့်ခမ်း၊ ဝမ့်မိုင်၊ တွန့်မုန့်၊ ခိုင်းနား လေး၊ ခိုင်းနားလုံ၊ မတ်လန်းခမ်း၊ ဟွေ့ဝွန် ကျေးရွာ အတွင်းနေ မဲဆန္ဒရှင် ၁၀၀၀ ကျော်အား ပြည်ထောင်စု ကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ မဲပေးရန် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျိုးဆန်းက ညွှန်ကြား နိုဝင်ဘာ ၅ ရက်နေ့ ကတည်းက ညွှန်ကြားထားသည်ဟု ဒေသခံ အကြီးအကဲ ဦးစိုင်းနွန် က ပြောသည်။

“ရွာသားတွေက ကြောက်တယ်လေ။ ခြင်္သေ့ရုပ်နေရာဘဲ ထုရတာပေါ့။ တချို့ ပညာတတ် တွေတော့ မလုပ်ဘူး။ သူတို့ကြိုက်တဲ့ဟာ သူတို့ မဲပေးတယ်ပြော တယ်။ အများအားဖြင့် တော့ဒီမှာက ပြည်ခိုင်ဖြိုးဘဲ။ အဖွဲ့အစည်းအတွက်ေ ကာင်း ကျိုးပေးတယ်ဆိုတော့ ခြင်္သေ့ပဲ ထဲ့ရတယ်” - ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

ကျားဖြူပါတီအမတ်လောင်း စိုင်းသန်းစိန် က - “ကျနော်တို့ သိရတာက မတ်ကျိုင်း၊ နားရိုင်း၊ အက်စ်သုံးလုံး ၊ နမ့်ဟူး (မန်ပန်) ပြည်သူ့စစ်တွေက သူတို့ တပ်ထဲမှာဘဲ မဲပုံးထောင်တယ်။ သူတို့က ပြည်ထောင်စုကြံ့ခိုင်ရေးကိုပဲ မပေးမနေရဘဲ။ သူတို့ဒေသထဲက လူထုကိုလဲ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးခိုင်းတယ်လို့ကြားတယ်။ ဒါပေမယ့် လူထုတော့ သူတို့ ကြိုက်တာ မဲပေးသွားတယ်လို့သိရတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

နမ့်စန်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့များက မိမိတပ်တွင်း မဲရုံထောင်ကာ မဲပေးပိုင်ခွင့်ရှိ သော်လည်း SSA တပ်ထွက် ကာလိဌာနေ ပြည်သူ့စစ် တပ်ဖွဲ့ ကမူ မဲပေးပိုင်ခွင့် မရ ဟုသိရသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် တွင် မဲရုံပေါင်း ၁၀၀ ကျော်၊ မဲပေးပိုင်ခွင့် ရှိသူ ၈၀၀၀၀ ကျော်ရှိသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများက ကျားဖြူ၊ ကျားခေါင်း၊ ပြည်ခိုင်ဖြိုး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ ဖြစ်သည် ဟုသိရသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ပြည်ခိုင်ဖြိုးပါတီကိုသာမဲထည့်ရန် ပြည်သူ့စစ်တပ်ဖွဲ့ညွှန်ကြား  ပြည်ခိုင်ဖြိုးပါတီကိုသာမဲထည့်ရန် ပြည်သူ့စစ်တပ်ဖွဲ့ညွှန်ကြား Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.