လွိုင်ကော်-ဒီးမော့ဆို ကားလမ်းမပေါ်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး တစ်ဦးပွဲချင်းပြီးသေဆုံး၊ ကားမောင်းသူ ထွက်ပြေး

ဓါတ်ပုံ- ဆန်းဖြိုးထွန်း
 ကယား(ကရင်နီ)ပြည်နယ် မြို့တော် လွိုင်ကော်မှ ဒီးမော့ဆိုမြို့သို့ သွားရာ ကားလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ (၂)ရက်နေ့ ည(၇)နာရီခန့်က ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးတို့ မတော်တဆ တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မှ ဒီးမော့ဆိုဘက်သို့ မောင်းနှင်လာသော (KENBO-125)အနက်ရောင် ဆိုင်ကယ်နှင့် ဒီးမော့ဆိုဘက်မှ လွိုင်ကော်သို့ မောင်းနှင်လာသော ယာဉ်အမှတ်(1G-5255) ကန်တာအမျိုးအစား ကားတို့ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာအရောက်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားမှာ မောင်နှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသူမှာ အသက်(၂၀)ခန့်အမျိုးသားတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ဦးခေါင်းဦးနှောက်ပွင့်ထွက်ကာ ပွဲချင်းပြီးသေဆုံးသွားပြီး သေဆုံးသူ၏ နေရပ်လိပ်စာ၊ အမည်အပြည့်အစုံနှင့် ထွက်ပြေးမောင်းနှင်သွားသော ကားနှင့် ယာဉ်မောင်းအားလည်း စုံစမ်းလျှက်ရှိကြောင်း သိရသည်။

လူ့အသက်သေစေသည်အထိ ယာဉ်အား မဆင်မခြင်မောင်းနှင်၍ ထွက်ပြေးသွားသူ (1G-5255)ကန်တာအမျိုးအစားယာဉ် မောင်းနှင်သူအား ဒီးမော့ဆိုမြို့မရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၅ ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၄(က) ဖြင့် အမှု့ဖွင့်ထားကြောင်း သိရသည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
လွိုင်ကော်-ဒီးမော့ဆို ကားလမ်းမပေါ်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး တစ်ဦးပွဲချင်းပြီးသေဆုံး၊ ကားမောင်းသူ ထွက်ပြေး   လွိုင်ကော်-ဒီးမော့ဆို ကားလမ်းမပေါ်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး တစ်ဦးပွဲချင်းပြီးသေဆုံး၊ ကားမောင်းသူ ထွက်ပြေး Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.