အမျိုးသမီးကို ယာဉ်နှင့်တိုက်မိပြီး ထွက်ပြေးသွားသည့် မလေးရှားနိုင်ငံသားကို နာရီပိုင်းအတွင်း ဖမ်းမိ


 ချောက်မြို့နယ် ဂွေးပင်ကွက်သစ် ကျေးရွာအနီး ရေနံချောင်း-ကျောက်ပန်းတောင်း
ကားလမ်းဘေးတွင် လမ်းလျှောက်သွားနေသူ အမျိုးသမီးတစ်ဦးကို ကားဖြင့်
တိုက်မိပြီး ထွက်ပြေး တိမ်းရှောင်သွားသည့် မလေးရှားနိုင်ငံသားအား ဖမ်းဆီးအရေး
ယူထားကြောင်း ချောက်မြို့နယ် ဂွေးပင်နယ်မြေရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှုမှာ နိုဝင်ဘာ ၂၉ ရက် နံနက် ၆း၃၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ယာဉ်
တိုက်ခံရသည့် အမျိုးသမီးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းနှင့်
ယာဉ်မောင်းဖြစ်သူ နိုင်ငံခြားသားအား ဆင်တပ်ကျင်းရွာ လမ်းခွဲအနီး ရေနံချောင်း-
ကျောက်ပန်းတောင်း ကားလမ်းပေါ်၌ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် တွေ့ရှိ
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဂွေးပင်ကွက်သစ် ကျေးရွာနေ ဒေါ်အေးမြင့်နှင့် အသက် ၂၅ နှစ်အရွယ်
မအိအိမွန်တို့သည် ရေနံချောင်း ကျောက်ပန်းတောင်း ကားလမ်းအတိုင်း လမ်းယာ
ဘက်ဘေးမှနေ၍ တောင်မှမြောက်သို့ လမ်းလျှောက် သွားနေကြစဉ် ယာဉ်တစ်စီးက
မအိအိမွန်အား နောက်မှဝင်တိုက်မိပြီး အခင်းဖြစ်နေရာမှ ဆက်လက်မောင်းနှင်
ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အေးမြင့်၏ ထွက်ဆိုချက်အရ သိရသည်။

“သမီးကို နောက်ကနေ ဝင်တိုက်ပြီး မောင်းပြေးသွားတာပါ။ ကားအမျိုးအစားကို
မသိပါဘူး။ ကျွန်မတို့သားအမိ ရေစည်လှည်းတွန်းဖို့ ထွက်လာခဲ့ကြတာပါ” ဟု
ဒေါ်အေးမြင့်ကပြောသည်။

အဆိုပါယာဉ်မောင်းမှာ မလေးရှားနိုင်ငံသား Esoos Mohamed Samehbhai
ဆိုသူဖြစ်ပြီး ပတ်စ်ပို့အမှတ် A33118159၊ ဗီဇာအမှတ် B 866592 (ဗီဇာကုန်ဆုံး
ရက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်) ကိုင်ဆောင်ထားကာ ကျောက်တံတားမြို့နယ်
ရန်ကုန်တိုင်းဒေသကြီးတွင် နေသူဖြစ်ကြောင်း သိရသည်။

၎င်းမှာ ရန်ကုန်မှ မကွေးတိုင်းဒေသကြီးအတွင်း ကုမ္ပဏီလုပ်ငန်းများ ဆောင်ရွက်ရန်
ရောက်ရှိကာ ရန်ကုန်သို့ ပြန်ရန် ထွက်ခွာလာစဉ် လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း
ဖြစ်ကြောင်း ရဲစခန်းစစ်ဆေးချက်အရ သိရသည်။

“ကားရှေ့ခေါင်းဝဲဘက်ခြမ်း ပိန်ချိုင့်နေတဲ့ တိုယိုတာ Rav-4 အမျိုးအစားယာဉ်ကို
မလေးရှားနိုင်ငံသား ယာဉ်မောင်းနဲ့အတူ ကျောက်ပန်းတောင်းမြို့နယ် ဆင်တပ်ကျင်း
ရွာလမ်းခွဲအနီး ရေနံချောင်း-ကျောက်ပန်းတောင်း ကားလမ်းပေါ်က တွေ့ရှိ ဖမ်းဆီး
နိုင်ခဲ့တာပါ”ဟု ဂွေးပင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဂွေးပင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁၁/၂၀၁၅၊
ပြစ်မှုဥပဒေ ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကာ အချိန်နှင့်
တစ်ပြေးညီ စုံစမ်းနိုင်ခဲ့၍ ထွက်ပြေးသွားသည့် ယာဉ်နှင့် နိုင်ငံခြားသား ယာဉ်မောင်း
အား ဖမ်းဆီးနိုင်ခဲ့ကြောင်းကိုလည်း အမှုစစ်ထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
အမျိုးသမီးကို ယာဉ်နှင့်တိုက်မိပြီး ထွက်ပြေးသွားသည့် မလေးရှားနိုင်ငံသားကို နာရီပိုင်းအတွင်း ဖမ်းမိ  အမျိုးသမီးကို ယာဉ်နှင့်တိုက်မိပြီး ထွက်ပြေးသွားသည့် မလေးရှားနိုင်ငံသားကို နာရီပိုင်းအတွင်း ဖမ်းမိ Reviewed by THITHTOOLWIN on 14:15 Rating: 5
Powered by Blogger.