မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် စစ်တပ်မှ စစ်ရေးလေ့ကျင့်စဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ စစ်သားတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


 နိရဉ္စရာ၊ နိုဝင်ဘာ ၃၀

 မြန်မာနိုင်ငံနှင့် ကပ်ရပ် တည်ရှိသော ကော့စ်ဘဇားခရိုင် အိုးကီယား ( Okhia) မြို့နယ် အတွင်း ဘင်္ဂလာဒေ့ရှ် စစ်တပ် က ပြုလုပ်သော ဆောင်းဦး ရာသီ စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း လေယာဉ်ပစ် အမြောက် ကျည်ဆံ ပေါက်ကွဲ၍ စစ်သား တစ်ဦးသေပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

ယင်းပေါက်ကွဲမှုသည် လွန်ခဲ့သော စနေနေ့ ညနေ ၇ နာရီ ၃၀ ခန့်တွင် အိုကီးယား မြို့နယ် မောင်ခါလီ ( Monkhali) ဧရိယာတွင် ပြုလုပ်သော သင်တန်း တစ်ခုအတွင်း လေယာဉ်ပစ် အမြောက်ထဲ ကျည်ဆံ ထည့်သွင်း စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ရာမူး (ပန်းဝါမြို့) အခြေစိုက် ဘင်္ဂလာဒေ့ရှ် စစ်တပ်မှ Brig Gen Golam Faruk က ပြောသည်။

သေဆုံးသူမှာ အီဘာရာဟိန်း ခါလစ် ရီပွန်ဖြစ်ပြီး ပေါက်ကွဲမှု အတွင်း သေဆုံး ခဲ့ခြင်းဖြစ်သည်။ တစ်ခြား ဒဏ်ရာရသူ သုံးဦးထဲမှ အရာခံဗိုလ်တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ကျန်ဒဏ်ရာရသူနှစ်ဦးမှာ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား တစ်ဦးတို့ ဖြစ်ကြသည်။

ယင်းပေါက်ကွဲမှု မဖြစ်ပွားမီ ၎င်းစစ်သားများသည် ရာမူး (ပန်းဝါမြို့) တပ်မတွင် နေထိုင်ခဲ့သူများ ဖြစ်ကြသည်ဟု ဆိုသည်။

ဒဏ်ရာရသူ သုံးဦးအား ကော့စ်ဘဇားဆေးရုံမှ ဒက္ကားမြို့သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားသည်ဟု သိရသည်။

အိုကီးယားမြို့နယ်သည် ကော့စ်ဘဇားနှင့် တက်ကနက် မြို့ အကြားတွင် တည်ရှိပြီး မြန်မာဘက်မှ တောင်ပြိုမြို့နယ်ခွဲနှင့် ကပ်ရပ် တည်ရှိသည်။ နှစ်ဘက်တပ်မှူးများ မကြာခဏ တွေ့ဆုံပြီး အလံတင် အစည်းအဝေးလုပ်သော ဘင်္ဂလာဒေ့ရှ်ဘက်က ခေါင်းတုံးရွာမှာ အိုကီးယားမြို့နယ်တွင် တည်ရှိသည်။

Ref: Bdnews24.com
Arakan State
https://www.facebook.com/NarinjaraNews

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် စစ်တပ်မှ စစ်ရေးလေ့ကျင့်စဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ စစ်သားတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ   မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် စစ်တပ်မှ စစ်ရေးလေ့ကျင့်စဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ စစ်သားတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.