သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မကျင့်


       မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား တောအတွင်း တစ်နေရာ၌ သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စအား မကျေနပ်သဖြင့် ယခုလ (၅)ရက်နေ့တွင် လာရောက် တိုင်တန်းခဲ့ကြောင်း  တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

      ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ(၂၈)ရက်နေ့ နံနက် (၇)နာရီအချိန်က တောင်တွင်းကြီး မြို့နယ်၊ ကျောက်တောင် ကျေးရွာနေ မ---- (၂၂)နှစ်သည် နေအိမ်မှ ယာတောတွင် ပဲတီစိမ်း ကောက်နေသော ၎င်း၏ခင်ပွန်းဖြစ်သူထံ ထမင်းပို့ရန် ထွက်လာရာ တောလမ်းကွေ့ အရောက်တွင် တစ်ရွာတည်းနေ ကို......(၃၁)နှစ်သည် ဓားကိုင်ထွက်လာပြီး မ------ ရှေ့ရောက်လာကာ မအော်နဲ့ အော်ရင် သတ်ပစ်မည်ဟု ပြောဆို၍ မ-----အား ဖက်လှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

      ယင်းသို့ ခြိမ်းခြောက်ကာ သားမယားပြုကျင့်သူ ကို......အား အရေးယူပေးရန် မ-----က တရားလိုပြု တိုင်ကြားခဲ့သောကြောင့် တောင်တွင်းကြီးမြို့နယ်၊  ကုက္ကိုကုန်း နယ်မြေရဲစခန်းမှ (ပ)၄၀/ ၂၀၁၅၊ ပုဒ်မ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

The Messenger Media
http://messengernewsjournal.com
သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မကျင့်  သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မကျင့် Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.