မနီလာမြို့မှာ လုံခြုံရေးအင်အား သုံးသောင်းချ၊ လူငယ်တွေကဆန္ဒပြ

(မနီလာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား) ဓါတ်ပုံ AFP
 ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဒီကနေ့ စတင်ကျင်းပမယ့် အာရှ-ပစ္စဖိတ်ထိပ်သီးညီလာခံ အတွက် ပဲရစ်မြို့မှာဖြစ်သွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးအင်အား သုံးသောင်း ချထားပြီး မနီလာမြို့က လမ်းတွေကိုလည်း ပိတ်ဆို့ထားလိုက်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေကို ဒီကနေ့မနက်က မနီလာမြို့မှာ ကန့်ကွက်ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက "သုံးမရတဲ့ အာရှပစ္စဖိတ်ထိပ်သီးညီလာခံ" လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။

အာရှ-ပစ္စဖိတ်ထိပ်သီးညီလာခံကို အမေရိကန်သမ္မတ ဘာရက်အိုဘာမား၊ တရုတ်သမ္မတ ချီကျင်းပင် ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့အပါအ၀င် နိုင်ငံပေါင်း ၂၀က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ဒီညီလာခံဟာ တူရကီနိုင်ငံမှာကျင်းပပြီးစီးသွားတဲ့ G20 ထိပ်သီးစက်မှုနိုင်ငံများ အစည်းအဝေးအပြီး ဆက်တိုက်ဆိုသလို ကျင်းပတဲ့ ညီလာခံဖြစ်ပါတယ်။

သမ္မတအိုဘားမား မနီလာမြို့မှာ ရှိနေမယ့် ၂ရက်အတွင်း ဖိလစ်ပိုင်လေတပ်က တိုက်လေယဉ် ၁၃ စီးကို အဆင်သင့်ချထားသလို အမေရိကန်ရေတပ်က USS Fitzgerald နဲ့ တိုက်ရေယဉ်တွေလည်း မနီလာ ပင်လယ်ကွေ့ထဲမှာ ချထားတယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားဟာာ မနီလာပြီးရင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အရှေ့အာရှ ညီလာခံကို ဆက်လက်တက်ရောက်မှာ ဖြစ်ပါတယ်။ ပြီးရင်မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

မနီလာမြို့မှာ လုံခြုံရေးအင်အား သုံးသောင်းချ၊ လူငယ်တွေကဆန္ဒပြ   မနီလာမြို့မှာ လုံခြုံရေးအင်အား သုံးသောင်းချ၊ လူငယ်တွေကဆန္ဒပြ Reviewed by THITHTOOLWIN on 12:09 Rating: 5
Powered by Blogger.