နယူးဒေလီ နိုဝင်ဘာ ၂၅
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ် နာဒူးပြည်နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆက်စပ်ဖြစ်ပွားသည့် မတော်တဆမှုများကြောင့် လူ ၁၇ဝ ကျော် သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက် တွင် ပြောကြားသည်။
မြို့တော် ချန်နိုင်းအပါအဝင် တမီလ်နာဒူးပြည်နယ်တစ်ဝန်းတွင် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယခုအချိန်အထိ လူ ၁၇ဝ ကျော် သေဆုံးခဲ့ရကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့တော်ချန်နိုင်းသည် မိုးသည်းထန်စွာရွာသွန်းခြင်းကို အဆိုးရွား ဆုံးခံစားရပြီး ယင်းမြို့၏ ရပ်ကွက်အများအပြားတွင် ခါးဆစ်အောက် မြုပ်သည့်ရေများ ဖုံးလွှမ်းနေပြီး ပြည်နယ်အာဏာပိုင်များအနေဖြင့် ရေလွှမ်းမိုးမှု ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ရန် ရုန်းကန်နေရကြောင်း သတင်းတွင်ဖော်ပြသည်။
မြို့တော်ချန်နိုင်းရှိ စာသင်ကျောင်းများနှင့် ကောလိပ်ကျောင်းများ အားလုံးကို ပိတ်ထားရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။
အိန္ဒိယစစ်သည်များနှင့် အတူ တမီလ်နာဒူးပြည်နယ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဝန်ထမ်းများနှင့်အတူ ရေဘေးသင့်ဒေသများမှ လူအများအပြားကို ကယ်တင်ပေးခဲ့ရသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆက်စပ်နေသည့် မတော်တဆမှုများကြောင့် လူ ၁၇ဝ ကျော် သေဆုံး
Reviewed by THITHTOOLWIN
on
08:49
Rating: