စစ်တွေတွင် ၅ နှစ်သမီးတစ်ဦးကို မုဒိမ်းပြုကျင့်မှု ဖြစ်ပွားကြောင်း သက်ဆိုင်ရာက အတည်ပြု ပြောကြား


 ရန်ကုန်၊ နိုဝင်ဘာ ၁၆

 ရခိုင်ပြည်နယ် စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်၊ မီးလောင်းပြင်တွင် နေထိုင်သော မိန်းခလေးငယ် တစ်ဦးအား တပ်မတော်မှ ထွက်ပြေးနေသူ တစ်ဦးမှ မုဒိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

၎င်းမိန်းခလေးငယ်မှာ ဦးမြင့်ထွန်းသမီး အသက် (၅) နှစ်အရွယ် မ+++ ဖြစ်ကြောင်း ပြောကြားသည်။

သူမသည် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် အိမ်နောက်ဘက်သို့ နောက်ဖေးသွားစဉ် တပ်ထွက် တစ်ဦးဖြစ်သူ ကျော်ကျော်မိုးမှ ခြုံပုတ်တစ်ခုသို့ အတင်းဆွဲသွင်းကာ မုဒိမ်းပြုကျင့်ခဲ့သည်ဟု တာဝန်ရှိ ရဲအရာရှိက ပြောကြားသည်။

“ ကျွန်တော်တို့ သတင်းရတာနဲ့ ချက်ချင်းသွားဖမ်းပါတယ်။ အခု အမှတ် (၁) မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။ တရားဥပဒေနဲ့ အညီ တရားစွဲဆိုသွားပါမယ်။ အခုတော့ စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု သူက ပြောဆိုသည်။

မုဒိမ်းမှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျော်ကျော်မိုး၏ ကိုယ်ပိုင်အမှတ်မှာ (တ/၃၈၆၀၁၉) ဖြစ်ပြီး မြောက်ဦး အခြေစိုက် ခမရ(၃၇၈)မှ ဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ်ကတည်းက တပ်မှ ထွက်ပြေးနေသူ ဖြစ်ကြောင်း၊ စစ်တွေမြို့စက်ရုံစုရပ်ကွက်ရှိ မီးလောင်ပြင်မှာနေထိုင်သူဖြစ်ကြောင်း သိရသည်။

ရဲစခန်းမှ ပ-၂၃၄၊ ပုဒ်မ-၃၇၆နဲ့ အမှုဖွင့်ထားပြီး ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေ လူထု အတွင်းမကျေနပ်မှုများ ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့်က မြို့မ ရဲစခန်းရှေ့တွင် စုရုံးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

နယ်စပ်ရေးရာ ၀န်ကြီးနှင့် မြို့မိ မြို့ဖများ ရဲစခန်းသို့ ရောက်ရှိလာပြီး ၀ိုင်းဝန်းဖြေရှင်းသောကြောင့် ညနေ ၉ နာရီကျော်တွင် လူစု ကွဲသွားခဲ့သည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews
စစ်တွေတွင် ၅ နှစ်သမီးတစ်ဦးကို မုဒိမ်းပြုကျင့်မှု ဖြစ်ပွားကြောင်း သက်ဆိုင်ရာက အတည်ပြု ပြောကြား   စစ်တွေတွင် ၅ နှစ်သမီးတစ်ဦးကို မုဒိမ်းပြုကျင့်မှု ဖြစ်ပွားကြောင်း သက်ဆိုင်ရာက အတည်ပြု ပြောကြား Reviewed by THITHTOOLWIN on 11:22 Rating: 5
Powered by Blogger.