မီးပေါ့ဆစွာသုံးစွဲ၍ မီးလောင်မှုဖြစ်ပွားကာ လူသေဆုံးမှုဖြစ်ပွား



မကွေး နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ အောင်မေတ္တာ(က)ရပ်ကွက်၊ ၁၆ လမ်းရှိ ''ဧရာဝတီ'' စားသောက်ဆိုင်တွင် နိုဝင်ဘာ ၁၄ ရက်နေ့ ည (၉) နာရီအချိန်တွင် မီးလောင် မှုဖြစ်ပွားကြောင်းသတင်းအရ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းလွင်တို့ အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဧရာဝတီစားသောက်ဆိုင်ဝန်းအတွင်း အရှေ့ဘက်ရှိအလျား ၈ဝ ပေ၊ အနံ ၄ဝ ပေ၊ အမြင့် ၁၅ ပေသွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ RC တစ်ထပ်အုတ်တိုက် DJ ခန်းမအတွင်း အသံထိန်းရန်ပြုလုပ်ထားသော ရေမြှုပ်အတွင်း အအေးပေးစက်(အဲယားကွန်း) ပလပ်ခုံအထိုင်မှ ပလပ်ထိုးရာ ချောင်နေသဖြင့်(Partial Disconnection)လျှပ်စစ်ဆက်သွယ်မှု တစ်စိတ်တစ်ပိုင်းပြတ်တောက်ခြင်းဖြစ်ကာ အပူဖြစ်ပေါ်ပြီး ရေမြှပ်များသို့ ကူးစက်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



မီးလောင်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်သူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည ၉ နာရီ ၂၀ မိနစ် အချိန် မီးငြိမ်းသွားခဲ့ကာမီးလောင်မှုကြောင့် အခန်းအတွင်းရှိ ကီးဘုတ်(၁)လုံး၊ Sound Box(၄)လုံး၊ တီဗွီ(၁)လုံး ၊ လေအေးပေးစက်(၄)လုံး၊ အခြားအခန်းအတွင်းရှိ ပစ္စည်းများ၊ ခန်းမပတ်လည် ကာရံထားသည့် ဖော့များ မီးလောင်ကျွမ်းခဲ့သည်။ DJ ခန်းမအတွင်း ရှိနေသည့် အောင်မေတ္တာ (က) ရပ် ကွက်နေကီးဘုတ်ဆရာ ကာကာ(ခ) အောင်မြင့်၊ ၄ဝ နှစ်မှာအခန်းအတွင်း ပိတ်မိပြီး မီးခိုးများ ရှုရှိုက်မိကာမွန်းကြပ် သေဆုံးသွားခဲ့သဖြင့် မီးအားပေါ့ဆစွာသုံးစွဲသူ ရွာသစ်ပွဲကြိုရပ်ကွက်နေ ''ဧရာဝတီ''စားသောက် ဆိုင် မန်နေဂျာဦးသန်းဇော် (၄၅) နှစ်အားမကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း(ပ)၂၈၈/၂ဝ၁၅ ၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅/၃ဝ၄-က အရအမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မီးပေါ့ဆစွာသုံးစွဲ၍ မီးလောင်မှုဖြစ်ပွားကာ လူသေဆုံးမှုဖြစ်ပွား   မီးပေါ့ဆစွာသုံးစွဲ၍ မီးလောင်မှုဖြစ်ပွားကာ လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.