ကော်မရှင်တံဆိပ်မပါသည့် မဲစာရွက်ဖြင့် ကယားဒေသအချို့၌ ကြိုတင်မဲကောက်ခံမှုရှိနေ


နိုဝင်ဘာလ ၇ ရက်

ကြိုတင်မဲလိုက်လံကောက်ခံရာတွင် မဲလက်မှတ်ပေါ်၌ ကော်မရှင်တံဆိပ်တို့ မပါဘဲ လိုက်လံကောက်ခံနေကြောင်း ငွေတောင်ကျေးရွာမှ ဦးဟိန်းမင်းလတ်က ပြောသည်။

“အဲ့ဒါတွေကို ရုံးပြန်ရောက်မှ ပြန်လုပ်မယ်လို့တော့ ပြောတာပဲ” ဟု ၎င်းကပြောသည်။

ဒေါစဲရွာမှာ စုမယ်ကလည်း ၎င်းကြိုတင်မဲထည့်ချိန်တွင် မဲရုံမှုးလက်မှတ်မပါ၍ လက်မှတ်ထိုးပေးရန် ပြန်လည်ပြောကြားရာ၌ မဲဆန္ဒရှင် မဲပေးပြီးမှသာ လက်မှတ်ထိုးမည်ဟု ပြန်လည်ပြောကြားကြောင်း ပြောသည်။


ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ် ဒေါတငူးကျေးရွာတွင်မှု တံဆိပ်တုံးများလက်မှတ်များ အစုံပါရှိသော်လည်း ကြိုတင်မဲများကို မဲပုံးများနှင့် လိုက်လံကောက်ခံခြင်းမရှိခဲ့ဘဲ စာအိတ်များဖြင့် လိုက်ကောက်ပြီး ရပ်/ကျေးကောက်မရှင်အဖွဲ့ခွဲ သို့ပြန်ရောက်မှသာ မဲပုံးထဲထည့်ကြသည်ဟု ဒေါတငူးတွင် လေ့လာစောင့်ကြည့်သူ မရှားမြာထံမှ သိရသည်။


ကြိုတင်မဲများကို ချိတ်ပိတ်ပုံးများနှင့် မဟုတ်ဘဲ အိတ်များဖြင့်သာ လိုက်လံကောက်ခံခဲ့သည့်အတွက် မဲမသမှု ဖြစ်နိုင်ချေနှင့် ကော်မရှင်တံဆိပ်မပါသည့် ၎င်းတို့၏ကြိုတင်မဲလက်မှတ်များ ပယ်မဲသို့မဟုတ် မသမာမှုမဲဖြစ်သွား မည်ကိုလည်း စိုးရိမ်နေကြောင်း မဲဆန္ဒရှင်များက ပြောသည်။

ဒေါစဲကျေးရွာနှင့် ငွေတောင်ရွာတွင် သက်ကြီးရွယ်အိုများကို ကြိုတင်မဲလိုက်ကောက်နေစဉ်ဖြစ်သည်။ ဓါတ်ပုံ ရှားမြာ

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
ကော်မရှင်တံဆိပ်မပါသည့် မဲစာရွက်ဖြင့် ကယားဒေသအချို့၌ ကြိုတင်မဲကောက်ခံမှုရှိနေ   ကော်မရှင်တံဆိပ်မပါသည့် မဲစာရွက်ဖြင့် ကယားဒေသအချို့၌ ကြိုတင်မဲကောက်ခံမှုရှိနေ Reviewed by THITHTOOLWIN on 23:32 Rating: 5
Powered by Blogger.