သမ္မတနဲ့ စစ်ဦးစီးချုပ် ဒီဇင်ဘာ ၂ ရက်မှာ ဒေါ်စုနဲ့ တွေ့မယ်

လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ (Credit: Reuters) 
 သမ္မတ ​ဦးသိန်းစိန်နဲ့ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်တို့က ​ဒီဇင်ဘာ ​၂ ​ရက်နေ့မှာ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

ဒီကနေ့ ​ထုတ်ပြန်တဲ့ ​ကြေညာချက်အရ ​စစ်ဦးစီးချုပ်နဲ့ ​တွေ့ဆုံဖို့ ​ဒေါ်အောင်ဆန်းစုကြည်ဘက်က ​တောင်းဆိုထားတာကို ​တုန့်ပြန်တဲ့အနေနဲ့ ​စစ်ဦးစီးချုပ်ရုံးရဲ့ ​ဧည့်ရိပ်သာမှာ ​နေ့လည် ​၂ ​နာရီမှာ ​တွေ့ဆုံဖို့ ​အကြောင်းပြန်ထားတာ ​ဖြစ်ကြောင်း ​ပါရှိပါတယ်။

သမ္မတရုံးရဲ့ ​ဝဘ်ဆိုက်ကလည်း ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ဒီဇင်ဘာလ ​၂ ​ရက်နေ့ ​မနက်ပိုင်းမှာ ​တွေ့ဆုံမယ်လို့ ​အတည်ပြုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​နိုဝင်ဘာလ ​၁၀ ​ရက်နေ့တုန်းက ​သမ္မတ ​ဦးသိန်းစိန်၊ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်နဲ့ ​လွှတ်တော်နာယက ​သူရဦးရွှေမန်းနဲ့ ​တွေ့ဆုံနိုင်အောင် ​စီစဉ်ပေးဖို့ ​တောင်းဆိုခဲ့ပါတယ်။

လွှတ်တော် ​နာယက ​သူရဦးရွှေမန်းက ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခဲ့ပြီး ​ဖြစ်ပေမယ့် ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​စစ်ဦးစီးချုပ်က ​အင်္ဂါနေ့မှ ​သီးသန့်စီ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

ရွေးကောက်ခံ ​လွှတ်တော်အမတ်တွေနဲ့ ​ဒေါ်စုတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ဟာ ​နိုဝင်ဘာ ​၂၈ ​ရက်တုန်းက ​ရွှေးကောက်ခံ ​လွှတ်တော်အမတ်တွေနဲ့ ​တွေ့ဆုံခဲ့ပြီး ​NLD ​အနေနဲ့ ​စည်းကမ်း ​မလိုပ်နာမှုတွေ၊ ​အမှားတွေကို ​လက်ခံမှာ ​မဟုတ်ဘူးလို့ ​သတိပေးလိုက်ပါတယ်။

ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​နားလည်မှု ​ရှိမရှိ ​ပါတီရဲ့ ​ပေါ်လစီကို ​နားလည်မှု ​ရှိမရှိ ​ဆိုတာတွေကို ​စာမေးပွဲ ​ဖြေခိုင်းမှာ ​ဖြစ်လို့ ​သိအောင် ​လုပ်ထားကြဖို့လည်း ​ပြောဆိုလိုက်ပါတယ်။

ပါတီဝင်အကြား ​စည်းလုံးမှုရှိဖို့ ​မှာကြားတဲ့အပြင် ​ရွေးကောက်ခံရတဲ့ ​မြို့နယ်တွေမှာ ​အမှိုက်ရှင်းလင်းရေးတွေ ​လုပ်ဆောင်ဖို့လည်း ​ညွှန်ကြားလိုက် ​တဲ့အတွက် ​အမှိုက်သိမ်းဆည်းမှုတွေ ​စတင်နေကြပါတယ်။

ပြည်သူတွေ ​ဆင်းရဲတဲ့အတွက် ​အမတ်တွေရဲ့ ​လစာကို ​ဖြတ်တောက်ပြီး ​ဖွံ့ဖြိုးရေးတွေ ​လုပ်ဆောင်မယ့်အကြောင်း ​ပြောပါတယ်။

အင်္ဂလိပ်စာ ​စာမေးပွဲတွေလည်း ​ဖြေဆိုရမှာ ​ဖြစ်ပြီး ​အရည်အချင်း ​ပိုရှိတဲ့ ​လူတွေက ​နိုင်ငံခြား ​ခရီးစဉ် ​ပိုသွားရမှာ ​ဖြစ်တယ်လို့လည်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သမ္မတနဲ့ စစ်ဦးစီးချုပ် ဒီဇင်ဘာ ၂ ရက်မှာ ဒေါ်စုနဲ့ တွေ့မယ်   သမ္မတနဲ့ စစ်ဦးစီးချုပ် ဒီဇင်ဘာ ၂ ရက်မှာ ဒေါ်စုနဲ့ တွေ့မယ် Reviewed by THITHTOOLWIN on 14:20 Rating: 5
Powered by Blogger.