ရုရှား က ဆီးရီးယားသို့ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့



မော်စကို ၊ ၆-၁၁-၂၀၁၅

ရုရှား အစိုးရသည် ဆီးရီးယား နိုင်ငံသို့ လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ပေးပို့ခဲ့ကြောင်း ရုရှားလေတပ် ဦးစီးချုပ် က နိုဝင်ဘာ ၅ ရက်တွင် ပြောကြား ထားကြောင်း Xinhua သတင်းတစ်ရက် အရ သိရသည်။

မိမိတို့အနေဖြင့် ဖြစ်ပေါ် လာနိုင်သော ခြိမ်းခြောက်မှု များကို စဉ်းစား သုံးသပ်ခဲ့ကြောင်း၊ ထို့ကြောင့် ဆီးရီးယား နိုင်ငံသို့ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များ၊ ဗုံးကြဲ လေယာဉ်များနှင့် ရဟတ်ယာဉ် များသာမက လေကြောင်းရန် ကာကွယ်ရေး စနစ်များကိုပါ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဗစ်တာဘွန်တာရက်ဗ် က Komsomolskaya နေ့စဉ် သတင်းစာ၌ ပြောကြား ထားခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံ အတွင်း စစ်ဆင်ရေး လုပ်ငန်းများ မလုပ်ဆောင်မီ ရုရှားစစ်ဘက် ခေါင်းဆောင် များသည် ဖြစ်ပေါ် လာနိုင်သော ခြိမ်းခြောက်မှုများ အနက် အရှေ့ အလယ်ပိုင်း တွင် တပ်ဖြန့် ထားသော ရုရှားလေတပ် ကို စစ်သွေးကြွ များက တိုက်ခိုက်မှု တစ်ရပ်အဖြစ် ဆီးရီးယား နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံမှ တိုက်ခိုက်ရေး လေယာဉ်ကို ၄င်းတို့က ပြန်ပေးဆွဲ တိုက်ခိုက်မှုများ လုပ်ဆောင် လာနိုင်သည်ဟု ကြိုတင် မျှော်တွေးကာ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ထားသည်။

ရုရှား အစိုးရသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် ၏ တောင်းဆိုမှု အရ ယင်းနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအပေါ် လေကြောင်း တိုက်ခိုက်မှုကို စက်တင်ဘာ ၃ဝ ရက်မှစ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရုရှား တိုက်လေယာဉ် များကို လတ်တာကီးယား ကမ်းရိုးတန်းမြို့ အနီးရှိ မိန်မင် လေတပ် အခြေစိုက် စခန်း၌ ဖြန့်ခွဲထားရှိ ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ရုရှား က ဆီးရီးယားသို့ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့  ရုရှား က ဆီးရီးယားသို့ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့ Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.