ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်


 ကမ္ဘောဒီးယားပါလီမန်က အတိုက်အခံခေါင်းဆောင်လည်းဖြစ် ပါလီမန်အမတ်လည်းဖြစ်သူ ဆမ် ရိမ်ဆီ Sam Rainsy ကို အမတ်အဖြစ်ကနေ ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် တရားရုံးက ဖမ်းဝရမ်းပါ ထုတ်ပြန်လိုက်တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံရေး အခြေအနေဟာ အစိုးရနဲ့အတိုက်အခံပါတီအကြား တင်းမာနေပါတယ်။

လက်ရှိအတိုက်အခံခေါင်းဆောင်အမတ်ဟာ တောင်ကိုရီးယားနိုင်ငံမှာရှိနေပြီး တနင်္လာနေ့က ကမ္ဘောဒီးယားကို ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် ပြန်ဖို့ရက်ကိုရွှေ့ဆိုင်းလိုက်ပါတယ်။

အမေရိကန်အစိုးရ နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အတိုက်အခံခေါင်းဆောင်ကို အမတ်အဖြစ် ပြန်လည်ခန့်အပ်ဖို့တောင်းဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်က ဆမ်ရိမ်ဆီက အဲဒီအချိန်က လက်ရှိဝန်ကြီးချုပ် ဟွမ်ဆန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ခမာနီအစိုးရရဲ့ ထောင်တစ်ခုကို စီမံခန့်ခွဲခဲ့သူဖြစ်တယ်လို့ ပြောဆိုတာကြောင့် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ဒေါ်လာ ၂၀၀၀ ပြစ်ဒဏ်ချမှတ်ခံထားရဖူးပါတယ်။ အဲဒီအမှုနဲ့အခုအချိန်မှာ ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး လွှတ်တော်အမတ်အဖြစ်ကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင်ကတော့ ကမ္ဘောဒီးယားကို ပြန်မှာဖြစ်ပြီး ရက်ရွှေ့ဆိုင်းလိုက်တာဟာ အစိုးရ နဲ့ သူ့ကိုထောက်ခံသူတွေအကြား အကြမ်းဖက်မှုတွေ ဖြစ်မှာစိုးတဲ့အတွက်လို့ ဆိုပါတယ်။

ဓါတ်ပုံ AFP
RFA Burmese
https://www.facebook.com/RFA-Burmese
ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်   ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ် Reviewed by THITHTOOLWIN on 11:57 Rating: 5
Powered by Blogger.