အမေရိကန် အားလပ်ရက် လုံခြုံရေး စီစဉ်ထား

 ပြင်သစ် သမ္မတနဲ့ အိုဘားမား တွေ့ဆုံခဲ့
အမေရိကန် နိုင်ငံ မှာ ကျေးဇူးတော် ချီးမွမ်းတဲ့ အားလပ်ရက် မတိုင်မီ အိမ်ပြန်ကြမယ့် သန်းနဲ့ ချီတဲ့ ခရီးသွား တွေ အတွက် လုံခြုံ စိတ်ချ ရအောင် စီစဉ် ထားတယ် လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောကြား လိုက်ပါတယ်။

ပဲရစ်မြို့ တိုက်ခိုက် ခံရမှု အတွက် လူတွေ စိတ်ပူ နေကြမှာ ကို သူ နားလည် ပါတယ်၊ ဒါပေမဲ့ အမေရိကန် နိုင်ငံ ကို ဒီလို တိုက်ခိုက်ဖို့ ကြံစည်တဲ့ အထောက် အထား ခိုင်ခိုင်လုံလုံ ရရှိ မထားဘူးလို့ မစ္စတာ အိုဘားမား က ပြောကြား ခဲ့ပါတယ်။

အစ္စလာမ္မစ် နိုင်ငံတပ် က စစ်သွေးကြွ တွေ ပုန်းနေတဲ့ နေရာထိ အမေရိကန် က လိုက်လံ ချေမှုန်းသွားမယ် လို့ မစ္စတာ အိုဘားမား က အိမ်ဖြူတော်မှာ သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမေရိကန် အားလပ်ရက် လုံခြုံရေး စီစဉ်ထား   အမေရိကန် အားလပ်ရက် လုံခြုံရေး စီစဉ်ထား Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.