အိန္ဒိယမှာ မိုးကြီးပြီး လူ ၇၀ ကျော် သေဆုံး


 အိန္ဒိယနိုင်ငံ တောင်ပိုင်း Chennai မြို့မှာ မိုး သည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းမီဒီယာတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရွာသွန်းခဲ့တဲ့ မိုးကြောင့် မြို့ပေါ်လမ်းအတော်တော်များများမှာ ရေတွေဖုံးလွမ်းနေပြီး သွားလာရေး အဟန့်အတားဖြစ်နေကာ ရုံးတွေ၊ ကျောင်းတွေနဲ့ ကောလိပ်တွေလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်တွင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုကြောင့် ပင်လယ်ကမ်းခြေဒေသ Tamil Nadu ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာဖြစ်ပါတယ်။

လူပေါင်း ၁ သောင်း ၀န်းကျင်ခန့် သူတို့နေထိုင်ရာ အိမ်တွေကနေ ပြောင်းရွှေ့ခဲ့ရတယ်လို အစိုးရ အာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အိန္ဒိယရှိ သဘာဝဘေး တုန့်ပြန်ရေးအဖွဲ့နဲ့ စစ်တပ်တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။

အိမ်နီးချင်း သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းမှာလည်း အနည်းဆုံး လူပေါင်း ၈ သောင်းကျော်လောက် မိုးရွာသွန်းမှုကြောင့် ရေဘေးနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

Tamil Nadu ပြည်နယ်ဝန်ကြီး J Jayalalitha ကတော့ ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒေါ်လာ ၇၅ သန်း သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
အိန္ဒိယမှာ မိုးကြီးပြီး လူ ၇၀ ကျော် သေဆုံး   အိန္ဒိယမှာ မိုးကြီးပြီး လူ ၇၀ ကျော် သေဆုံး Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.