အိမ်သာမှအပြန် အဓမ္မကျင့်ခံရ


      စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့ နယ်၊ တုတ်ကြီးကျေးရွာတွင် နေအိမ်အတွင်း အိမ်သာတက်ပြီး ပြန်လာသည့် အရွယ်မရောက်သေးသည့် အမျိုးသမီး တစ်ဦးအား အိမ်နီးချင်းဖြစ်သူမှ အဓမ္မပြုကျင့်ခဲ့သည့် အတွက် ယခုလ(၂၉)ရက်နေ့တွင် တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

      ဖြစ်စဉ်မှာ ယခုလ(၂၆) ရက်နေ့ ညနေပိုင်းတွင် မ ......(၁၇)နှစ် (၁၀) တန်းအောင်မှာ နေအိမ်တွင် မောင်ဖြစ်သူနှင့်အတူ ရှိနေစဉ် အိမ်သာ တက်ချင်လာသဖြင့် အိမ်သာတက်ပြီး ပြန်ဆင်းလာစဉ် လူတစ်ဦးမှ ပါးစပ်ပိတ်၍ လက်ကိုဆွဲပြီး ခြံမြောက်ဘက်ရှိ ခြံစည်းရိုးအနီးသို့ ခေါ်သွားခဲ့ကြောင်း၊ ခေါ်ဆောင်လာသည့်သူအား ရုန်းကန်ပြီး ကြည့်လိုက်စဉ် အိမ်နီးချင်းဖြစ်သူ ကိုစိုးလွင်လွင်(ခ) ကုလား(၂၄) နှစ် ဖြစ်ကြောင်းသိရပြီး ၎င်းမှ မ........(၁၇) နှစ်အား အတင်းအကျပ် ချုပ်ကိုင်ကာ ၀တ်ထားသော ထမီစကပ်အား ဆွဲလှန်၍ မိန်းမကိုယ်အား လက်ဖြင့်ပွတ်ကာ အလိုမတူဘဲ သားမယားအဖြစ် (၅)မိနစ်ခန့် ပြုကျင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

      အဆိုပါ ဖြစ်စဉ်အား ကာယကံရှင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကသာမြို့မ ရဲစခန်းအမှုကြီး အမှတ်စဉ် ၄/၂၀၁၅၊ (ပ) ၂၈၇/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားသည်။

The Messenger Media
http://www.messengerdaily.com/
အိမ်သာမှအပြန် အဓမ္မကျင့်ခံရ  အိမ်သာမှအပြန် အဓမ္မကျင့်ခံရ Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.