မန္တလေး န⁠န်းတွင်း တပ်မြေ မဲရုံတစ်ခုမှာ မြို့တော်ဝန် ဗိုလ်ချုပ် ဟောင်း မဲ အပြတ်ရ


 မန္တလေး န⁠န်းတွင်း အမှတ် ၁၆၁ တပ်ထိန်းတပ် စခန်းစိုက်ရာ အောင်မြေသာဇံ မြို့နယ် ဥပုသ်တော် ရပ်ကွက် မှာ ရှိတဲ့ မဲရုံ အမှတ် ၁၄ မှာ တော့ မဲပေးပိုင်ခွင့် ရှိသူ ၁၇⁠၇ ယောက် စာရင်းပေါက် ပြီး ၁⁠၁၉ ယောက် လာရောက်မဲပေး ခဲ့ကြလို့ မဲရေတွက် ပြီးခဲ့ပါပြီ။

အဲဒီ့ မဲရုံ တစ်ခုတည်း အနေနဲ့ ကတော့ တသီး ပုဂ္ဂလ ကိုယ်စားလှယ် အနေနဲ့ ၀င်ပြိုင်တဲ့ မန္တလေး မြို့တော်ဝန် ဟောင်း လည်း ဖြစ်၊ ဗိုလ်မှုးချုပ် ဟောင်းလည်း ဖြစ်တဲ့ ဦးဖုန်းဇော်ဟန် က ၁⁠၁၄ မဲ ရပြီး၊ ကြံ့ခိုင်ရေး နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေ ကတော့ ၂ မဲ စီ ရရှိ ခဲ့ပါတယ်။

အဲဒီ့ မဲရုံကနေ ဘီ⁠ဘီစီ သတင်းထောက် ကိုနေလင်းက သတင်းပေးပို့ ထားပြီး ဘန်ကောက် ဘီ⁠ဘီစီ စတူဒီယို ကနေ ဦးဝင်းမြင့် က မေးမြန်း ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မန္တလေး န⁠န်းတွင်း တပ်မြေ မဲရုံတစ်ခုမှာ မြို့တော်ဝန် ဗိုလ်ချုပ် ဟောင်း မဲ အပြတ်ရ   မန္တလေး န⁠န်းတွင်း တပ်မြေ မဲရုံတစ်ခုမှာ မြို့တော်ဝန် ဗိုလ်ချုပ် ဟောင်း မဲ အပြတ်ရ Reviewed by THITHTOOLWIN on 11:03 Rating: 5
Powered by Blogger.