အာဆီယံ စီးပွားရေးဇုန် တည်ထောင်ဖို့ လက်မှတ်ထိုး

 အာဆီယံ နိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် ခြေလှမ်းသစ် စ
 အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ကြီးရဲ့ အဖွဲ့ဝင် နိုင်ငံ တွေကြား လွတ်လပ်တဲ့ ကုန်သွယ်မှု စီးပွားရေး ဇုန် တည်ထောင်မှု စတင် ဖို့ အာဆီယံ နိုင်ငံက ခေါင်းဆောင်တွေ တနင်္ဂနွေနေ့မှာ လက်မှတ် ရေးထိုး သဘောတူ ခဲ့ပါတယ်။

ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ လက်မှတ် ရေးထိုး ထုတ်ပြန် ကြေညာ နိုင်ခဲ့တာဖြစ်ပြီး အာဆီယံ နိုင်ငံတွေကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် အတွက် ခြေလှမ်းသစ် တစ်ရပ် စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု ကြေညာချက်ဟာ သမိုင်း မှတ်တိုင် တစ်ခု ဖြစ်ပြီး အာဆီယံ နိုင်ငံများအကြားမှာ ညီညွှတ်မှု ကို ပြသ နိုင်ခဲ့ပြီ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် က ပြောကြား လိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အာဆီယံ စီးပွားရေးဇုန် တည်ထောင်ဖို့ လက်မှတ်ထိုး   အာဆီယံ စီးပွားရေးဇုန် တည်ထောင်ဖို့ လက်မှတ်ထိုး Reviewed by THITHTOOLWIN on 09:26 Rating: 5
Powered by Blogger.