မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား


 မြိတ် နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက် ဗဟိုလမ်းရှိ ဦးကျောက်စိန် ပိုင်ဆိုင်သော ပေ (၇ဝx၁ဝဝ)ခြောက်ထပ် အဆောက်အအုံရှိ ပစ္စည်းဂိုဒေါင် (စတိုခန်း)တွင် နိုဝင်ဘာ ၂၉ ရက် နံနက် ၄ နာရီ ၇ မိနစ်က အီကြာကွေးမီးချောင်းကွဲပြီး ခြေသုတ် ဝတ်ပေါ်သို့ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင် အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းဦးစီးလျက် မြို့နယ်မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၁၅ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများမှ ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၄ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးစတင်လောင်ကျွမ်းချိန်တွင် မီးသတ် ဆေးဘူးများဖြင့် ကနဦးမီးငြှိမ်းသတ်ခဲ့ကြောင်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှုနှင့်ပတ်သက်၍ မြိတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ/၅၉၅/ ၂ဝ၁၅၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား  မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.