တနင်္သာရီတိုင်း စစ်တပ် မဲဆန္ဒနယ်မြေက ဆန္ဒမဲပေးအခြေအနေ


တနင်္သာရီတိုင်း စစ်တပ်နယ်မြေ မဲဆန္ဒနယ်တခုမှာ တပ်မတော်သားတွေ၊ သူတို့မိသားစုတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမထည့်ကြဖို့ တပ်တွင်း ညွန်ကြားချက် ထုတ်ပြန်ခဲ့သလို ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့ တပ်တွင်းမိသားစုတွေကပြောပါတယ်။

ဒါဟာ နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရတာဖြစ်ပြီး မိမိတို့ပေးချင်တဲ့နိုင်ငံရေးပါတီကို မဲထည့်ခွင့်မရတဲ့အတွက် ၀မ်းနည်းမိတယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း တပ်နယ်မြေမှာ ကိုယ်တိုင်မဲထည့်ခဲ့တဲ့ မဲဆန္ဒရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။

ဒီကနေ့ရွေးကောက်ပွဲနေ့မှာ တပ်တွင်း မဲရုံတွေကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေလာရောက်ကြည့်ရှုကြတယ်လို့လည်း မျက်မြင်သက်သေတွေက ဗွီအိုအေကိုပြောပါတယ်။

VOA Burmese Fan Page
https://www.facebook.com/VoA.Burmese.News
တနင်္သာရီတိုင်း စစ်တပ် မဲဆန္ဒနယ်မြေက ဆန္ဒမဲပေးအခြေအနေ   တနင်္သာရီတိုင်း စစ်တပ် မဲဆန္ဒနယ်မြေက ဆန္ဒမဲပေးအခြေအနေ Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.