ဒေါ်​အောင်​ဆန်း​စု​ကြည် ​ရန်​ကုန်​မှာ ​မဲ​ဆွယ် ​စည်း​ရုံး
၂၀၁၅ ​ရွေး​ကောက်​ပွဲ​ကို ​သန့်​ရှင်း​စွာ ​ဝင်​ပြိုင်​မှာ ​ဖြစ်​ကြောင်း ​ပြော​ကြား
ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဟော​ပြော​ပွဲ​မှာ ​ရန်​ကုန်​တိုင်း​ရဲ့ ​အား​ပေး​မှု​ဟာ ​တစ်​နိုင်​ငံ​လုံး​ကို ​ရောင်​ပြန်​ဟပ်​ကြောင်း၊ ​ပြည်​သူ​များ​ကို ​ယုံ​ကြည်​ကြောင်း​နဲ့ ၂၀၁၅ ​ရွေး​ကောက်​ပွဲ​ကို ​သန့်​သန့်​ရှင်း​ရှင်း ​ဝင်​ရောက် ​ယှဉ်​ပြိုင်​မှာ ​ဖြစ်​ကြောင်း ​နဲ့ ​ခြိမ်း​ခြောက်​တာ​တွေ​ကို ​မ​ကြောက်​ကြ​ဖို့ ​ပြော​ကြား​ခဲ့​ပါ​တယ်။
အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ်​ရဲ့ ​နာ​ယ​က ​ဖြစ်​သူ ​ဦး​တင်​ဦး​နဲ့ ​ပါတ်​သက်​လို့ ၁၉၈၈ ​ခု​နှစ် ​အ​ဖွဲ့​ချုပ် ​စ​တင်​တည်​ထောင်​စဉ် ​က​တည်း​က ​လက်​တွဲ ​လာ​ကြ​တာ ​ဖြစ်​လို့ ​တပ်​နဲ့​ပြည်​သူ ​ကြည်​ဖြူ ​လက်​တွဲ​မှု ​ပြ​ယုဂ် ​ဖြစ်​ကြောင်း ​ဆက်​လက် ​ပြော​ကြား​ပါ​တယ်။
အ​မျိုး​သား ​ရင်​ကြား​စေ့​ရေး၊ ​အာ​ဃာ​တ ​မ​ထား​ရေး ​စ​တဲ့ ​အ​ကြောင်း​တွေ ​ဆက်​လက် ​ပြော​ကြား​ခဲ့​ပြီး ​ဦး​တင်​ဦး​ကို ​ပွဲ​ထုတ် ​ဟော​ပြော​မှု ​တွေ​ကြောင့် ​အမ်ျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​ပါ​တီ​ရဲ့ ​သ​မ္မ​တ​လောင်း ​အ​ဖြစ် ​ရွေး​ဖို့ ​ရှိ​ကြောင်း ​သုံး​သပ်​နေ​ကြ​ပါ​တယ်။
ကော့​မှူး​မြို့​နယ် ​က​နေ ​ဝင်​ရောက်​ယှဉ်​ပြိုင်​မဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​မဲ​ဆွယ် ​စည်း​ရုံး ​ဟော​ပြော​မှု​ဟာ ​ဒီ​က​နေ့​မှာ ​ကျင်း​ပ​ခဲ့​တဲ့ ​ရန်​ကုန်​တိုင်း ​ပွဲ​ဟာ ​နိုင်​ဝင်​ဘာ​လ (၈)​ရက် ​မ​တိုင်​မီ ​နောက်​ဆုံး ​မဲ​ဆွယ် ​စည်း​ရုံး​မှု ​ဖြစ်​ကြောင်း ​သိ​ရှိ​ရ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ဒေါ်​အောင်​ဆန်း​စု​ကြည် ​ရန်​ကုန်​မှာ ​မဲ​ဆွယ် ​စည်း​ရုံး   ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ရန်​ကုန်​မှာ ​မဲ​ဆွယ် ​စည်း​ရုံး Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.