တောင်​ဆူ​ဒန်​မှာ ​လေ​ယာဉ်​ပျက်​ကျ ​ဒါ​ဇင်​ချီ ​သေ​ဆုံး
နိုင်း​မြစ် ​အ​ရှေ့​ဘက်​ကမ်း ​ပေါ်​မှာ ​ပျက်​ကျ​ခဲ့။
တ​ချို့ ​သ​တင်း​တွေ ​အ​ရ ​သေ​ဆုံး​သူ ​အ​ရေ​အ​တွက်​က ​အ​ယောက် ၄၀ ​လောက် ​အ​ထိ ​ရှိ​တယ်​လို့ ​ဆို​ပါ​တယ်။
လေ​ယာဉ်​ပေါ်​က ​ဘယ်​နှစ်ယောက် ​သေ​ဆုံး​ပြီး ​မြေ​ပြင်​ပေါ်​က ​ဘယ်​နှစ်​ဦး ​သေ​ဆုံး​တယ် ​ဆို​တာ​ကို​တော့ ​ကွဲ​ကွဲ​ပြား​ပြား ​မ​သိ​ရ​သေး​ပါ​ဘူး။
နိုင်း​မြစ် ​အ​ထက်​ပိုင်း ​ပြည်​နယ်​ကို ​ဦး​တည် ​ထွက်​ခွာ​မယ့် An-12 ​အ​မျိုး​အ​စား ​ကုန်​တင် ​လေ​ယာဉ်​ဟာ ​ပျံ​တက်​စဉ် ​ပြေး​လမ်း​နဲ့ ​မိုင်​ဝက်​ခန့် ​အ​ကွာ​မှာ​ပဲ ​ပျက်​ကျ ​ခဲ့​တာ​ပါ။
လေ​ယာဉ် ​အ​မှု​ထမ်း ​တစ်​ဦး​နဲ့ ​က​လေး ​တစ်​ဦး​တို့ ​အ​သက်​ရှင် ​ကျန်​ရစ်​တယ်​လို့​တော့ ​တောင်​ဆူ​ဒန် ​သ​မ္မ​တ ​ပြော​ခွင့်​ရ​သူ​က ​ဆို​ပါ​တယ်။
တောင်​ဆူ​ဒန်​မှာ ​ကုန်​တင် ​လေ​ယာဉ်​တွေ​က​လည်း ​ခ​ရီး​သည်​တွေ​ကို ​သယ်​ဆောင်​လေ့ ​ရှိ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
တောင်​ဆူ​ဒန်​မှာ ​လေ​ယာဉ်​ပျက်​ကျ ​ဒါ​ဇင်​ချီ ​သေ​ဆုံး   ​တောင်​ဆူ​ဒန်​မှာ ​လေ​ယာဉ်​ပျက်​ကျ ​ဒါ​ဇင်​ချီ ​သေ​ဆုံး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.