ရန်ကုန် မင်းဓမ္မလမ်းပေါ်တွင် ဇနီးမောင်နှံနှစ်ဦးထံမှ လက်ဝတ်တန်ဆာများ ဓားထောက်လုယက်မှုဖြစ်


ရန်ကုန် နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် မင်းဓမ္မလမ်း ရွှေကမ္ဘာ အိမ်ရာ ၉ လမ်းထိပ် ဂိတ်ပေါက်ဝ အနီး ဆိုင်ကယ်စီးလူငယ်ခြောက်ဦး က ဇနီးမောင်နှံနှစ်ဦးထံမှ ရွှေလက် ဝတ်ရတနာများ ဓားထောက်လုယက် ထွက်ပြေးသွားကြောင်း ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးလှထွေးထံမှ သိရသည်။

မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် ဘက်ခြမ်း မင်းဓမ္မလမ်းတစ်လျှောက် လူသွားစင်္ကြံ ပလက်ဖောင်းနှင့် မြက်ခင်းစိမ်းပေါ်တွင် အရိပ်ရ ဆီအုန်းပင်များ စီတန်းကာ မြို့ကျက် သရေဆောင် လှပစွာစိုက်ပျိုးထား ရာ မိသားစုများနှင့် စုံတွဲများပင် ညနေဆည်းဆာ မိုးချုပ်ထိတိုင် လေညင်းခံ အပန်းဖြေကြသည်။

နိုဝင်ဘာ ၂၇ ရက် ည ၇ နာရီ ကျော်က မရမ်းကုန်းမြို့နယ်(၃) ရပ်ကွက် ရွှေမဉ္ဇူ ၂ လမ်း အမှတ်-၂၂၂ နေ ဦးသိန်းမြင့် (၅၇နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စိန်အေး (၅၅နှစ်)တို့ မင်းဓမ္မလမ်း ရွှေကမ္ဘာ အိမ်ရာ ၉ လမ်း ထိပ်ဂိတ်ပေါက်ဝအနီး ဆီအုန်းပင်အောက် မြက်ခင်းပေါ် ထိုင်စကားပြောစဉ် လူငယ် ခြောက်ဦး အနားရောက်လာပြီး တစ်ဦးက အမျိုးသား၏မျက်နှာကို လက်ဝါးဖြင့်နှစ်ချက်ရိုက် ဦးခေါင်း ကို ဖိညှပ်ငုံ့ခိုင်းထားကာ 'မအော်နဲ့ အော်ရင် ထိုးထည့်လိုက်မယ်' ဟု လည်ပင်းကို ချွန်ထက်သော အရာ နှင့်ထိုးထားပြီး ဟွာဝေးဟန်းဆက် ဖုန်းတစ်လုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ အမျိုးသမီးကိုလည်း ချွန်ထက်သော အရာနှင့်ပင် ခါး၊ ဗိုက်၊ လည်ပင်း၊ ဦးခေါင်းတို့တွင် ထောက်ထားလျက်၊ ရွှေလက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး၊ နားကပ်များ ဖြတ်တောက်ဖြုတ်ယူကြ သည်။ နားကပ်ကို ဆွဲဖြုတ်နေစဉ် ကားမီးအလင်းရောင်ကြောင့် ဆောင့် ဆွဲကာ မင်းဓမ္မလမ်းအတိုင်း မြောက်ဘက်သို့ လူခြောက်ဦး ဆိုင်ကယ်သုံးစီးဖြင့် မောင်းနှင် ထွက်ပြေးသွားကြောင်း ရဲကင်းမှူးထံ တိုင်တန်းခဲ့သည်။

အဆိုပါလုယက်မှုတွင် နားကပ် တစ်ဖက် ကျိုးကျကျန်ခဲ့ပြီး အမျိုး သားထံမှ ဟွာဝေးဟန်းဆက်တစ်လုံး၊ ငါးမူးသား ရွှေလက်စွပ်တစ်ကွင်း၊ အမျိုးသမီးထံမှ ငါးမူးသား ရွှေလက်စွပ်နှစ်ကွင်း၊ ရွှေလက် ကောက်လေးကွင်း (တစ်ကျပ်သား ကျော်)၊ တစ်ကျပ်သား သံကွင်းရွှေဆွဲ ကြိုးတစ်ကုံး စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၂၁ သိန်းခန့်ရှိကြောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ သတင်း ပေးချက်အရ မသင်္ကာသံသယ ရှိသူကို ဘုရင့်နောင်နယ်မြေရဲတပ်ဖွဲ့ စခန်းက ဖော်ထုတ်စစ်ဆေး ဆောင် ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန် မင်းဓမ္မလမ်းပေါ်တွင် ဇနီးမောင်နှံနှစ်ဦးထံမှ လက်ဝတ်တန်ဆာများ ဓားထောက်လုယက်မှုဖြစ်  ရန်ကုန် မင်းဓမ္မလမ်းပေါ်တွင် ဇနီးမောင်နှံနှစ်ဦးထံမှ လက်ဝတ်တန်ဆာများ ဓားထောက်လုယက်မှုဖြစ် Reviewed by THITHTOOLWIN on 10:18 Rating: 5
Powered by Blogger.