“ခရစ္စမတ်ဘိုးဘိုး”အယောင်ဆောင်ရဟတ်ယာဉ်ပြန်ပေးဆွဲသူ


မကြာသေးမီကဘရာဇီးနိုင်ငံအာဂျင်တီးနားInfobae ၀က်ဆိုဒ်၏နိုဝင်ဘာလ ၂၉ ရက်သတင်းအရ ၊ ပြစ်မှုကျူးလွန်သူတစ်ဦးမှ ပါတီပွဲတစ်ခုသို့သွားရောက်၍ ကလေးများအားလက်ဆောင်ပေးရရန်ဟူသောအကြောင်းပြချက်ဖြင့် ခရစ္စမတ်ဘိုးဘိုးအယောင်ဆောင်ကာ Airbus ကုမ္ပဏီတစ်ခုနှင့် သဘောတူစာချုပ်ချုပ်ကာရဟတ်ယာဉ်တစ်စီးအားဌားရမ်းခဲ့ကြောင်း ၊သို့သော်လုံးဝမထင်မှတ်ထားသည်မှာ ယင်းခရစ္စမတ်ဘိုးဘိုးသည် ဝေဟင်ပေါ်၌ ရဟတ်ယာဉ်မောင်းသူအားအကျပ်ကိုင်၍ယင်းရဟတ်ယာဉ်အားအခြားနေရာတွင်ရပ်ခိုင်းကာလေယာဉ်ပြန်ပေးဆွဲခဲ့ကြောင်းသိရသည် ။

ကယ်တင်ခံခဲ့ရသောယာဉ်မောင်း၏ပြောပြချက်အရ ပြစ်မှုကျူးလွန်သူ၏မျက်နှာပေါ်တွင် အဖြူရောင်မုတ်ဆိတ်မွှေးကြီးများတပ်ဆင်၍ ကြီးမားသောလက်ဆောင်အိတ်ကြီးလွယ်ကာခရစ္စမတ်ဘိုးဘိုးပုံပြင်ဆင်ထားကာMairinque မြို့သို့သွားရောက်ကာပါတီပွဲတက်ရောက်မည့်ပုံစံပြုလုပ်ထားကြောင်းသိရသည်။

သွားရောက်မည့်နေရာသို့ရောက်ရှိရန် ကီလိုမီတာ ၇၀ အလိုတွင်အဆိုပါပြစ်မှုကျူးလွန်သူမှ ပစ်စတိုသေနတ်အားထုတ်ကာလယ်ယာများရှိရာသို့ဆင်းသက်ရန်လေယာဉ်မှူးအားအကျပ်ကိုင်ခဲ့ကြောင်းလည်းပြောကြားသွားခဲ့သည် ။

 ပြစ်မှုကျူးလွန်သူနှင့်အပေါင်းပါမှ လေယာဉ်မှူးအားမျက်စိပိတ်ကြိုးချည်ထားကာလယ်ကွင်းထဲရှိအိမ်တစ်လုံးအတွင်းတွင်ထားရှိခဲ့ကာ ၎င်းတို့ပြန်ပေးဆွဲလာသောရဟတ်ယာဉ်အားမောင်းနှင်ကာထွက်ပြေးသွားကြောင်းသိရသည် ။

နာရီပေါင်းများစွာအကြာတွင် လေယာဉ်မောင်းသူမှ၎င်းအားချည်နှောင်ထားသည့်ကြိုးများအားဖြည်၍လွတ်မြောက်လာခဲ့ပြီး ဒေသခံရဲများအားအကြောင်းကြား၍အကူအညီတောင်းခံခဲ့ကြောင်း ၊ အခုလက်ရှိတွင်အဆိုပါ ပြန်ပေးဆွဲခံရသောရော်ဘင်ဆင် ၄၄ ရဟတ်ယာဉ် ရောက်ရှိနေသောတည်နေရာအားမသိရှိရသေးကြောင်းရဲဘက်မှပြောကြားခဲ့သည်။

china.com Myanmar
Source: http://myanmar.china.com
“ခရစ္စမတ်ဘိုးဘိုး”အယောင်ဆောင်ရဟတ်ယာဉ်ပြန်ပေးဆွဲသူ   “ခရစ္စမတ်ဘိုးဘိုး”အယောင်ဆောင်ရဟတ်ယာဉ်ပြန်ပေးဆွဲသူ Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.