တူရကီတိုက်လေယာဉ် များက အီရတ်လေပိုင်နက် အတွင်း ကျူးကျော်၍ ကာ့ဒ်တပ်ဖွဲ့ အခြေစိုက်စခန်းများအား တိုက်ခိုက်


ဘဂ္ဂဒက် ၊ ၂၇-၁၁-၂၀၁၅

တူရကီ တိုက်လေယာဉ် များသည် ကာ့ဒ် တိုက်ခိုက်ရေး သမားများ၏ အခြေစိုက်စခန်း များအပေါ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာတွင် ကြိုတင် သတိပေးခြင်း မရှိဘဲ အီရတ် လေပိုင်နက် အတွင်းသို့ ကျူးကျော် ဝင်ရောက် ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန များက နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြထားသည်။

အီရတ်နိုင်ငံ ကာ့ဒ်ပြည်နယ် အတွင်းရှိ ကာ့ဒ်အလုပ်သမား ပါတီ PKK လက်နက်ကိုင် အဖွဲ့၏ အခြေစိုက်စခန်း များသည် တူရကီ လေတပ်၏ လေကြောင်း တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဒေသတွင်း Rudaw သတင်းဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြထားသည်။

တူရကီနိုင်ငံ၏ F-16 တိုက်လေယာဉ် များသည် ဇာခိုမြို့နယ်၊ ဘာဝါရီ ဘောလာနှင့် ကတ်စ်တာ ကျေးရွာနယ်မြေ များအတွင်းရှိ PKK အဖွဲ့၏ အဆောက်အအုံ များကို နိုဝင်ဘာ ၂၁ ရက်မှစ၍ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တူရကီနိုင်ငံနှင့် အီရတ်နိုင်ငံ ကာ့ဒ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့၌ အခြေပြုထားသော PKK အဖွဲ့ကို ကာ့ဒ်လူမျိုးစု အသိုက်အဝန်း အတွက် ကိုယ်ပိုင်စုစည်း အုပ်ချုပ်သွားရန် ရည်ရွယ်၍ ၁၉၇ဝ ပြည့်နှစ် နှောင်းပိုင်းတွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ၄င်းအဖွဲ့ကို တူရကီနိုင်ငံ၊ ဥရောပသမဂ္ဂ နှင့် NATO အဖွဲ့တို့က အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
တူရကီတိုက်လေယာဉ် များက အီရတ်လေပိုင်နက် အတွင်း ကျူးကျော်၍ ကာ့ဒ်တပ်ဖွဲ့ အခြေစိုက်စခန်းများအား တိုက်ခိုက်  တူရကီတိုက်လေယာဉ် များက အီရတ်လေပိုင်နက် အတွင်း ကျူးကျော်၍ ကာ့ဒ်တပ်ဖွဲ့ အခြေစိုက်စခန်းများအား တိုက်ခိုက် Reviewed by THITHTOOLWIN on 11:11 Rating: 5
Powered by Blogger.