မြန်မာရဲ့ မိုင်းနဲ့ စိုက်ပျိုးရေးမှာ သြစီ ပါဝင်နိုင်


 လာမယ့် ​နှစ်မှာ ​NLD ​ဦးဆောင်တဲ့ ​အစိုးရသစ် ​တက်လာတဲ့အခါ ​မြန်မာနိုင်ငံရဲ့ ​မိုင်းတွင်းလုပ်ငန်း၊ ​စိုက်ပျိုးရေးနဲ့ ​ပညာရေးကဏ္ဍမှာ ​သြစတြေးလျနိုင်ငံက ​ကျွမ်းကျင်သူတွေက ​အရေးပါတဲ့ ​ကဏ္ဍမှာ ​ပါဝင်ဖို့ ​အလားအလာများတယ်လို့ ​ဆိုပါတယ်။

အစိုးရသစ် ​တက်လာတဲ့အခါ ​စိုက်ပျိုးရေး ​ကဏ္ဍ ​ပြုပြင်ပြောင်းလဲမှုက ​ပထမ ​ဦးစားပေး ​ကဏ္ဍဖြစ်လာနိုင်ပြီး ​ဒီလို ​ကဏ္ဍမှာ ​သြစတြေးလျ ​အနေနဲ့ ​ပညာတွေ ​အများကြီး ​ဝေဌနိုင်တာကြောင့် ​မြန်မာရဲ့ ​စိုက်ပျိုးရေးကဏ္ဍမှာ ​သြစတြေးလျက ​အရေးကြီးလာနိုင်တယ်လို့ ​Macquarie ​တက္ကသိုလ်က ​စီးပွားရေး ​ပညာရှင် ​Sean ​Turnell ​က ​ပြောပါတယ်။

Sean ​Turnell ​ဟာ ​NLD ​ခေါင်းဆောင်တွေကို ​အကြံဥာဏ်တွေ ​ပေးနေတဲ့ ​ပညာရှင်လည်း ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​လူဦးရေ ​၇၀% ​လောက်ဟာ ​နယ်တွေမှာ ​နေထိုင်ကြသူတွေ ​ဖြစ်ပြီး ​စိုက်ပျိုးရေး ​လုပ်ကိုင်သူတွေဟာ ​အကြွေးသံသရာထဲ ​လည်နေရတဲ့အတွက် ​ပြုပြင်ပြောင်းလဲရေးတွေ ​လုပ်တဲ့အခါကျရင် ​ဘဏ်တွေအနေနဲ့ ​နယ်က ​လယ်သမားတွေကို ​သက်သာစေမယ့် ​အကြွေးတွေ ​ပိုလုပ်လာနိုင်ပါတယ်။

အခုလောလောဆယ် ​သြစတြေးလျက ​မြန်မာနိုင်ငံရဲ့ ​မိုင်းတွင်း ​ဥပဒေကြမ်းကို ​ကူညီရေးဆွဲနေပေမယ့် ​လွှတ်တော်မှာ ​အတည်ပြုမှု ​မရသေးပဲ ​အစိုးရသစ် ​တက်လာတဲ့အခါမှသာ ​အတည်ပြုဖို့ ​အလားအလာရှိတယ်လို့ ​Sean ​Turnell ​က ​ပြောပါတယ်။

ရင်းနှီးမြုပ်နှံသူတွေကြောင့် ​မြေယာမဲ့ ​ပြဿနာနဲ့ ​မြေယာသိမ်းပိုက်မှု ​ပြဿနာတွေ ​ဆက်ကြုံရနိုင်တယ်လို့လည်း ​သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ​အရည်အသွေး ​ပြည့်မှီတဲ့ ​ပညာရေးစနစ်နဲ့ ​ကျွမ်းကျင်သူတွေ ​နည်းပါးတဲ့အတွက် ​ပညာရေး ​ကဏ္ဍမှာလည်း ​သြစတြေးလျအနေနဲ့ ​ဝင်ရောက်နေရာ ​ယူဖို့ ​အခွင့်အရေးရှိတယ်လို့ ​သုံးသပ်ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာရဲ့ မိုင်းနဲ့ စိုက်ပျိုးရေးမှာ သြစီ ပါဝင်နိုင်  မြန်မာရဲ့ မိုင်းနဲ့ စိုက်ပျိုးရေးမှာ သြစီ ပါဝင်နိုင် Reviewed by THITHTOOLWIN on 13:56 Rating: 5
Powered by Blogger.