ဘုန်းတော်ကြီး ဒလိုင်းလားမားမှာ ဒေါ်အောင်ဆန်းစုကြည်ထံ ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့


 မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ပြောစမှတ်တင်လောက်အောင် အောင်ပွဲခံ ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားက ဂုဏ်ပြု ချီးကျူးလိုက်ပါသည်။

သူ၏ အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာလူထု ၏ မျှော်လင့်ချက် စိတ်ကူးများကို ဖြည့်ဆည်းနိုင်လိမ့်မည် ဟု ဒလိုင်းလားမားက ဆိုပါသည်။

" လူတွေရဲ့ သူ့ အပေါ်ယုံကြည် သက်ရောက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့ ရဲ့ မျှော်လင့်ချက်များ စိတ်ကူးစိတ်သန်းများကို ဖြည့်ဆည်းပေးနိုင် ပါလိမ့်မယ်" သူ၏ ဂုဏ်ပြုချီးကျူးသည့် သဝဏ်လွှာမှာ ဒလိုင်းလားမားက ပြောကြားထား၏

" သည်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မှတ်တိုင် တခုဖြစ်ပါတယ်။ မြန်မာမှာ ဒီမိုကရေစီထွန်းကားလာဖို့  စိတ်စေတနာနဲ့ ကမ္ဘာတလွှားက
အားပေးထောက်ခံခဲ့ ပါတယ်။ ပါတီတွေအားလုံး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို လုပ်နိုင်တဲ့  အခွင့်အလမ်းတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဗုဒ္ဒဘာသာ မိတ်ဆွေတဦး အနေနဲ့  သည်အရာကို တိုင်းပြည်က လူမှုအသိုင်းအ၀ိုင်း အလွှာအားလုံးဆီကို ရောက်အောင်လုပ်ပါလို့ ဘုန်းကြီးက သတိပေးပါရစေ "

ထို့ ပြင် ရှေ့ လျှောက် မြန်မာနိုင်ငံတိုးတက်ဖို့ နှင့်ပြည်သူပြည်သားများ တိုးတက်ဖွံဖြိုး ရေးကြိုးပမ်းရာမှာ ကြုံလာရမည့် စိန်ခေါ်မှုပြသာနာတွေကို
ရင်ဆိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြံခိုင်ပါစေဟု တိဘက်ဘုန်းကြီး ဒလိုင်းလားမားက ဆုတောင်းမေတ္တာပို့ သခဲ့ပါသည်။

လင်းလင်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ဘုန်းတော်ကြီး ဒလိုင်းလားမားမှာ ဒေါ်အောင်ဆန်းစုကြည်ထံ ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့  ဘုန်းတော်ကြီး ဒလိုင်းလားမားမှာ ဒေါ်အောင်ဆန်းစုကြည်ထံ ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.