အန်အယ်လ်ဒီ တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ပြီ

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံ နဲ့ အန်အယ်ဒီ အမှတ်တံဆိပ်တွေနေရာအနှံ့တွေ့ရ
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန် ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်ပေါင်း အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၃၆၉ ဦး ရှိနေပြီ ဖြစ်တာကြောင့် အစိုးရဖွဲ့ရန် လိုအပ်တဲ့ ကိုယ်စားလှယ်ထက် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

တပါတီတည်း အစိုးရဖွဲ့နိုင် ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် (၃၂၉) ဦး လိုအပ်တာ ဖြစ်ပါတယ်။

လက်ရှိအာဏာရ အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၂၈ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာ သာရရှိထားပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese
အန်အယ်လ်ဒီ တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ပြီ   အန်အယ်လ်ဒီ တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ပြီ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.