မဘသလုပ်ဆောင်ချက်မျိုး ထိုင်းမှာလည်း လုပ်ရှားနေ

(Credit: ABC) 
 မြန်မာနိုင်ငံမှာ ​မဘသက ​မျိုးစောင့်ဥပဒေ ​ပြဌာန်းနိုင်အောင် ​ကြိုးစားနိုင်ပြီးတဲ့နောက် ​ထိုင်းနိုင်ငံက ​ဗုဒ္ဓဘာသာဝင် ​တချို့ကလည်း ​ဗုဒ္ဓဘာသာကသာ ​ထိုင်းနိုင်ငံတော်ရဲ့ ​ဘာသာ ​ဆိုတာကို ​ပြဌာန်းနိုင်ဖို့ ​ကြိုးစားနေကြပါတယ်။

ထိုင်းနိုင်ငံမှာ ​စစ်တပ်က ​အာဏာသိမ်းပိုက်လိုက်ပြီးနောက် ​ပြည်သူတွေ ​ကြိုက်နှစ်သက်မှုနည်းပါးချိန်မှာပဲ ​မျက်နှာရလာအောင် ​ဘာသာရေးကို ​အသုံးချပြီး ​လုပ်ဆောင်မှာကိုလည်း ​ကျွမ်းကျင်သူတွေက ​စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ ​အခုလောလောဆယ် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ရေးဆွဲနေပြီး ​အဲဒီအထဲမှာ ​ဗုဒ္ဓဘာသာကို ​နိုင်ငံတော် ​ဘာသာထည့်ဖို့ ​ဗုဒ္ဓဘာသာ ​တချို့က ​လိုလားနေတာ ​ဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေ ​ပြဌာန်းနိုင်ဖို့ ​မဘသက ​လက်မှတ်ထိုး ​ထောက်ခံမှု ​တောင်းခဲ့သလို ​အခုလည်း ​ထိုင်းနိုင်ငံမှာ ​လက်မှတ်ထိုး ​ထောက်ခံမှုတွေလုပ်ဖို့ ​လှုပ်ရှားနေကြပါတယ်။

မွတ်စလင်တွေဟာ ​ထိုင်းနိုင်ငံ ​အနှံ့မှာ ​မြေယာတွေ ​ဝယ်ပြီး ​ဗလီဆောက်ဖို့ ​စီစဉ်နေတဲ့အတွက် ​ဗုဒ္ဓဘာသာ ​မပျောက်ကွယ်သွားအောင် ​ကာကွယ်ကြလို့ ​သတင်းဖြန့်ပြီး ​လုပ်ဆောင်နေတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​ထိုင်းအစိုးရရဲ့ ​စာရင်းတွေအရ ​ထိုင်းနိုင်ငံမှာ ​ဗုဒ္ဓဘာသာ ​ကိုးကွယ်တဲ့ ​ဦးရေ ​ကျဆင်းသွားတာမျိုး ​မရှိတဲ့အပြင် ​ဘုရား ​ပုထိုးတည်ဆောက်မှုက ​၁၅% ​တိုးလာပြီး ​ဘုန်းကြီးအပါးပေါင်း ​သုံးသိန်းခွဲလောက် ​ရှိတယ်လို့ ​ပြသထားပါတယ်။

ဗုဒ္ဓဘာသာဝင်တချို့က ​ထိုင်းနိုင်ငံ ​တောင်းပိုင်းက ​ပြဿနာကို ​ဘာသာရေး ​ပြဿနာလို ​ရေးသားမှုတွေ ​ရှိတယ်လို့ ​သုံးသပ်ကြပါတယ်။

တောင်ပိုင်းမှာ ​နိုင်ငံရေး ​မတည်ငြိမ်မှုကြောင့် ​ဗုဒ္ဓဘာသာ ​ရဟန်းတွေ ​အသတ်ခံရတာတွေ ​ရှိပါတယ်။

အဲဒီမှာ ​ထိုင်းနိုင်ငံသား ​တစ်ယောက်က ​ဘုန်းကြီး ​တစ်ပါးသေဆုံးမှုအတွက် ​ဗလီတစ်လုံးကို ​မီးရှို့ဖျက်ဆီးရမယ်လို့ ​ဖေ့စ်ဘွတ်မှာ ​ရေးထားတာကို ​လူကြိုက်များခဲ့ပါတယ်။ ​ဒါပေမဲ့ ​အဲဒီအထဲမှာ ​ထိုင်းတစ်ယောက်ကတော့ ​အဲဒီလို ​အကြမ်းဖက်တဲ့ ​အတွေးအခေါ်ကို ​လက်မခံနိုင်တဲ့အကြောင်း ​ဒီလို ​လုပ်ဆောင်ချက်ဟာ ​လောင်နေတဲ့ ​မီးပေါ်ကို ​လောင်စာတွေ ​ထပ်ဖြည့်ထည့်သလိုပဲ ​ဖြစ်တယ်ဆိုပြီး ​မှတ်ချက်ပြုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မဘသလုပ်ဆောင်ချက်မျိုး ထိုင်းမှာလည်း လုပ်ရှားနေ   မဘသလုပ်ဆောင်ချက်မျိုး ထိုင်းမှာလည်း လုပ်ရှားနေ Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.