မိချောင်းကန်ပြည်သူ ၁၃ ဦး ထောင်ဒဏ်တွေ တိုးမြှင့်ခံရ၊ ကိုဝေဠု လွတ်မြောက်

မိကျောင်းကန် သပိတ်စခန်းကို ကူညီခဲ့သူ ကိုဝေဠု ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဧပြီလ ၈ ရက်နေ့ က ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်စဉ်။ Photo: Kyaw Zaw Win/ RFA
စစ်တပ်ကသိမ်းထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက်က အိမ်ခြံမြေ ပြန်ပေးဖို့ မြို့တော်ခန်းမရှေ့မှာဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေထဲက အသက် ၇၀ ကျော် အမျိုးသမီးတွေ အပါအဝင် ၁၃ ယောက်ကို ဒီနေ့မှာ ထပ်ပြီး စည်ပင်သာယာ ဥပဒေနဲ့ ထောင်ဒဏ် ၃ လစီချမှတ် လိုက်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပုဒ်မ ၁၈ နဲ့ ထောင် ၄ လစီချမှတ်ထားပြီး သားဖြစ်တဲ့အတွက် ဒီနေ့ထပ်ပေးလိုက်တဲ့ ပြစ်ဒဏ်နဲ့ဆိုရင် တစ်ယောက်ကို ထောင် ၇ လ စီဖြစ်သွားတဲ့အကြောင်း မိချောင်းကန်ရပ်ကွက်မှာအိမ်ကွက်အသိမ်းခံထားရ သူတစ်ယောက်ဖြစ်တဲ့ ဒေါ်မိက RFA  ကိုပြောပါတယ်။

"ထောင် ၇ လဖြစ်သွားတာပေါ့၊ ဒေါ်စောသိန်းဆို ၇ဝ ကျော်တယ်၊ ဒေါ်ပုဆိုလည်း ၇ဝ နီးပါးပဲ၊ သပိတ်သိမ်းတာကတော့ ၂၆ ရက်၊ ၂လ၊ ၂ဝ၁၅ ပေါ့၊ အဲ့ချိန်မှာအန်တီတို့ ကတော့ ထောင်ထဲမှာပေါ့၊ အဲ့ကနေရုံးချိန်းတွေနဲ့လုပ်ပြီးတော့မှ နောက်တစ်ယောက်က ထွက်သွားတဲ့အတွက်၊ ၁ဝ လပိုင်း ၇ ရက်နေ့က ထောင်ကျသွားတာ"

ဒီနေ့ ထောင်ချခံရသူတွေဟာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ဦးခင်မောင်ဝင်းနဲ့ ဦးခင်မောင်မြင့်ဆိုသူ အသက် ၆၀ နဲ့ ၇၀ ကျော် အမျိုးသားနှစ်ဦးဟာလည်း တရားရင်ဆိုင်နေရဆဲဘဲလို့ ပြောပါတယ်။

အဲဒီမိချောင်းကန်ပြည်သူတွေရဲ့ အိမ်ခြံမြေပြန်ပေးဖို့ တောင်းဆိုသပိတ်တိုက်ပွဲကို အားပေးကူညီလို့ ထောင် ၁ နှစ်ချခံလိုက်ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့က ကိုဝေဠုဟာ ဒီနေ့မှာပဲ ထောင်ဒဏ်စေ့ပြီး အင်းစိန်ထောင်ကနေပြန်လွတ်လာပါတယ်။

RFA Burmese
http://www.rfa.org/burmese
မိချောင်းကန်ပြည်သူ ၁၃ ဦး ထောင်ဒဏ်တွေ တိုးမြှင့်ခံရ၊ ကိုဝေဠု လွတ်မြောက်  မိချောင်းကန်ပြည်သူ ၁၃ ဦး ထောင်ဒဏ်တွေ တိုးမြှင့်ခံရ၊ ကိုဝေဠု လွတ်မြောက် Reviewed by THITHTOOLWIN on 05:44 Rating: 5
Powered by Blogger.