နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီ ပြည်သူ့ လွှတ်တော် အနိုင်ရစာရင်း

နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ကြေငြာချက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး မှာ အန်အယ်လ်ဒီက ၂၁ ဦး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးမှာ အန်အယ်လ်ဒီ ၁၅ ဦးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ထိ ကော်မရှင်ရဲ့ ကြေငြာချက်ကတော့ ပြည်သူ့လွှတ်တော်အတွက် ၂၇၄နေရာ ၊ အမျိုးသားလွှတ်တော်အတွက် ၁၃၃ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၄၉၄ ယောက်အနိုင်စာရင်း ကြေငြာပြီးသွားပြီဖြစ်ပါတယ်။

ဒီထဲမှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁၇ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၁၀ ယောက်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၈၂ ယောက်အနိုင်ရထားပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့က တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၃၃၃ ယောက်စာ အနိုင်ရရမှာဖြစ်ပါတယ်။ တချို့ကတော့ ၃၂၉ လို့ ဆိုကြပါတယ်။

လက်ရှိ ကြော်ငြာပြီးတဲ့ ရလာဒ်အရ အန်အယ်လ်ဒီဟာ ပြည်ထောင်စုလွှတ်တော်အတွက် ၃၂၇ နေရာ ရပြီးသားဖြစ်နေပါပြီ။ နောက်ထပ်ကြော်ငြာဖို့က ၈၂ နေရာ ကျန်နေပြီး ဒီထဲက အန်အယ်လ်ဒီဟာ ၆ နေရာ ထပ်နိုင်ရင် တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်ဖို့ လုံးဝ စိတ်ချသွားရတဲ့အနေအထားဖြစ်နေတာကို တွေ့နေရပါပြီ။ BBC Burmese


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှ ၁၂-၁၁-၂၀၁၅ ရက်နေ့ (၂၁း၀၀)ချိန် ထုတ်ပြန်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အနိုင်ရစာရင်း။

Union Election Commission

နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီ ပြည်သူ့ လွှတ်တော် အနိုင်ရစာရင်း   နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီ ပြည်သူ့ လွှတ်တော် အနိုင်ရစာရင်း Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.