ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် မှ တူရကီ နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု များပြုလုပ်ရန် သမ္မတ အမိန့်ထုတ်ပြန်ခဲ့


    မော်စကို ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

    ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin )သည် နိုဝင်ဘာ ၂၈ ရက်နေ့တွင် တူရကီ နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု ပြုလုပ်ရန် အတွက် စီမံချက် စာချုပ် တွင် လက်မှတ်ရေးထိုး လိုက်သည့် သမ္မတ အမိန့်ထုတ်ပြန် ချက်အား ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတရုံး ဝက်ဆိုက်လ် တွင် ရုရှား နိုင်ငံ အမျိုးသား လုံခြုံရေး ဆိုင်ရာ ရုရှား နိုင်ငံ ပြည်သူ လူထု တို့မှ ပြစ်မှုကျူးလွန်ခြင်း နှင့် အခြားတရား မဝင် တိုက်ခိုက်မှု များအား ကာကွယ်ရန် အတွက် တူရကီ နိုင်ငံ အား အထူး စီးပွားရေး ပိတ်ဆို အရေးယူမှု များဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

သမ္မတ ပူတင် ၏ အမိန့် ထုတ်ပြန်ချက်အရ ရုရှား နိုင်ငံ မှ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် တူရကီ နိုင်ငံ သို့သွားရောက်မည့် လုပ်ငန်းများအား ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ၊ ရေကြောင်း နှင့် လေကြောင်း တို့မှ တစ်ဆင့် တူရကီ နိုင်ငံ မှ ရုရှား နိုင်ငံ သို့ သွားလာ ပို့ဆောင်ရန် ကိုလည်း ပိတ်ပင် သွားမည် ဖြစ်ကြောင်း ၊ တူရကီ နိုင်ငံ မှ သင်္ဘောများသည် လည်း ရုရှား နိုင်ငံ ဆိပ်ကမ်း တွင် ရပ်နားခွင့် ရှိတော့မည် မဟုတ်ကြောင်း ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ စတင်၍ နိုင်ငံခြားရေး ဝန်ထမ်း နှင့် ၄င်းတို့၏ မိသားစု ဝင်မှအပ တူရဂီ နိုင်ငံ သားများအနေဖြင့် ရုရှား နိုင်ငံ သို့ ဝင်ရောက်ခွင့် မရှိသော ယာယီ ထုတ်ပြန်ချက်အား စတင် အကြုံးဝင်မည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ရုရှား နိုင်ငံ Su-24 တိုက်လေယာဉ် သည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဆီးရီးယား နှင့် တူရကီ နယ်စပ် တွင် တူရဂီ နိုင်ငံ ၏ တိုက်လေယာဉ် မှ ပစ်ခတ်ခဲ့သဖြင့် ပျက်ကျ သွားခဲ့ရသည်။ ထို့နောက်တွင် ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် မှ ရုရှား နိုင်ငံ အနေဖြင့် ယခုကဲ့သို့သော ပြစ်မှု ကျူးလွန်မှု ကို သည်းခံမည်မဟုတ်ကြောင်း နှင့် ယခု လို ဆောင်ရွက်မှု သည် ရုရှား-တူရဂီ နှစ်နိုင်ငံ ဆက်ဆံရေး အား ဆိုးရွားစွာ ထိခိုက်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် မှ တူရကီ နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု များပြုလုပ်ရန် သမ္မတ အမိန့်ထုတ်ပြန်ခဲ့   ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် မှ တူရကီ နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု များပြုလုပ်ရန် သမ္မတ အမိန့်ထုတ်ပြန်ခဲ့ Reviewed by THITHTOOLWIN on 12:15 Rating: 5
Powered by Blogger.