ရာသီဥတု ညီလာခံ မစတင်ခင် အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ခဲ့

ဆန္ဒပြမှုမှာ ပါဝင်သူ ၂၀၈ ယောက်ကို ပြင်သစ်ရဲ ထိန်းသိမ်းထား (Credit: Reuters) 
ပြင်သစ်နိုင်ငံမှာ ​ရာသီဥတု ​ညီလာခံ ​မစတင်ခင်မှာပဲ ​ဆန္ဒပြသူတွေက ​အစပိုင်းမှာ ​ငြိမ်းချမ်းစွာ ​ဆန္ဒပြခဲ့ကြပေမယ့် ​နောက်ပိုင်းမှာ ​ရဲတွေနဲ့ ​ပဋိပက္ခ ​ဖြစ်ပွားခဲ့ပါတယ်။

ပဲရစ်မြို့ ​ဆန္ဒပြမှုမှာ ​ပါဝင်တဲ့ ​လူပေါင်း ​၂၀၈ ​ယောက်ကို ​ရဲတွေက ​ဖမ်းဆီးထားပါတယ်။

ရာသီဥတု ​ပြောင်းလဲမှုကို ​ကြိုတင်ကာကွယ်ဖို့ ​ကမ္ဘာ့နိုင်ငံ ​ခေါင်းဆောင်တွေ ​ဒီထက် ​ပိုလုပ်သင့်တယ်လို့ ​တောင်းဆို ​ဆန္ဒပြမှုက ​အစပိုင်းမှာ ​ပျော်ပျောင်ရွှင်ရွင် ​ငြိမ်းငြိမ်းချမ်းချမ်း ​ဖြစ်ခဲ့ပေမယ့် ​ပဲရစ်မြို့ ​စံတော်ချိန် ​ညနေ ​၂ ​နာရီလောက်မှာ ​မျက်နှာတွေကို ​ပုဝါစီးထားတဲ့ ​ဆန္ဒပြသူတွေ ​ရောက်ရှိလာပြီး ​သဘာဝ ​ပတ်ဝန်းကျင် ​လှုပ်ရှားမှုတွေ ​မရှိအောင် ​အစိုးရက ​အရေးပေါ် ​ကြေညာချက် ​ထုတ်ပြန်ထားတာ ​ဆိုပြီး ​စွပ်စွဲမှု ​စတင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ​ရဲတွေကို ​ပုလင်းတွေ၊ ​ဖုရောင်းတိုင် ​တွေနဲ့ ​ပစ်ပေါက်တာမျိုး ​ဖြစ်ပေါ်ပြီးနောက် ​ရဲတွေက ​လူစုခွဲခဲ့ရပါတယ်။

အကြမ်းဖက်မှုအတွင်း ​သေဆုံးရတဲ့ ​လူတွေအတွက် ​ထွန်းထားတဲ့ ​ဖုရောင်းတိုင်နဲ့ ​အောက်မေ့ဖွယ် ​ကျင်းပခဲ့တဲ့ ​နေရာမှာ ​အခုလို ​အကြမ်းဖက်တဲ့ ​ဆန္ဒပြမှု ​ဖြစ်ပေါ်တဲ့အတွက် ​ဆန္ဒပြမှုကို ​စီစဉ်ခဲ့သူတွေက ​ဒီလို ​ရုပ်ဆိုးတဲ့ ​လုပ်ရပ်မျိုး ​ဖြစ်အောင် ​သူတို့ ​မလုပ်ဆောင်ရဘူးလို့ ​ပြောဆိုနေပါတယ်။

အကြမ်းဖက်မှုအတွင်း ​သေဆုံးသူတွေကို ​အောက်မေ့တဲ့ ​နေရာမှာ ​အခင်းဖြစ်ပွားတဲ့အတွက် ​ပြင်သစ် ​သမ္မတကလည်း ​အမျက်ဒေါသထွက်နေပါတယ်။

ရာသီဥတု ​ညီလာခံကို ​တက်ရောက်ဖို့ ​သြစတြေးလျ ​ဝန်ကြီးချုပ်အပါအဝင် ​နိုင်ငံတကာ ​ခေါင်းဆောင်တွေလည်း ​ရောက်ရှိနေကြပြီ ​ဖြစ်ပါတယ်။

ညီလာခံ ​အနီးတဝိုက်ကို ​ရဲအယောက်ပေါင်း ​၂၈၀၀ ​က ​စောင့်ရှောက်နေပြီး ​ပဲရစ်မြို့ ​အနှံ့မှာတော့ ​ရဲအယောက်ပေါင်း ​၆၃၀၀ ​လုံခြုံရေး ​ယူထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရာသီဥတု ညီလာခံ မစတင်ခင် အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ခဲ့   ရာသီဥတု ညီလာခံ မစတင်ခင် အကြမ်းဖက် ဆန္ဒပြမှု ဖြစ်ခဲ့ Reviewed by THITHTOOLWIN on 14:20 Rating: 5
Powered by Blogger.