လူ့အခွင့်အရေးကောင်စီတွင် ဆော်ဒီမှ ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် လူပေါင်း ၁၅၀ ကို သူ့နိုင်ငံတွင် သေဒဏ်စီရင်ကွပ်မျက်ခဲ့ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းကဆို


နိရဉ္စရာ၊ နိုဝင်ဘာ ၃၀

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဆော်ဒီအာရေဗီးယား နိုင်ငံမှ လက်ရှိ ဥက္ကဋ္ဌ အဖြစ်တာ ၀န်ယူနေစဉ် ယခုနှစ်အတွင်း လူပေါင်း ၁၅၀ ကို သူ့နိုင်ငံတွင် သေဒဏ်စီရင် ကွက်မျက်ပစ်ခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) ၏ ယခုလထုတ် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြသည်။

အများစု သေဒဏ်စီရင်မှုမှာ လူမြင်ကွင်းတွင် ခေါင်းဖြတ်သတ်သည့် ကွက်မျက်မှု ဖြစ်ပြီး ယင်းကွက်မျက်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း ဆော်ဒီတွင် အများဆုံးဟု အဆိုပါအဖွဲ့ကြီး၏ အစီရင်ခံစာတွင် ဖော်ပြသည်။

သတ်ဖြတ်ခံရသူ အများစုသည် ဆင်းရဲသည့် နိုင်ငံများမှ အလုပ်လာကြသည့် အလုပ်သမားများ ဖြစ်ကြပြီး အထူးသဖြင့် အရေဗီးယားအကြောင်းကို မသိကြရာတွင် ထိခိုက်လွယ်ပြီး တရားရုံးတွင်လည်း လုံလောက်သော ဘာသာပြန်ရရှိမှုကို ငြင်းဆိုခံကြရသည်ဟုဆိုသည်။

ယခုလည်း သီရိလင်္ကာနိုင်ငံမှ အသက် (၄၅) နှစ်အရွယ် အိမ်ဖော် အမျိုးသမီး တစ်ဦးကိုလည်း အိမ်ထောင် ဖေါက်ပြားသည်ဟု ၀န်ခံခဲ့ပြီးနောက် ကျောက်ခဲနှင့် ၀ိုင်းထု သတ်ပြီး သေဒဏ်ပေးရန် ဆော်ဒီ တရားရုံး တစ်ခုက အမိန့်ချမှတ်ထားသည်။

သူမနှင့် ဖောက်ပြားသူ သီရိလင်္ကာသားကိုမူ ပြစ်ဒဏ်ကို လျော့ပေါ့ကာ ကြာပွတ်ဖြင့် အကြိမ် ၁၀၀ ရိုက်နှက်ရန် တရားရုံးက အမိန့်ချလိုက်သည်ဟု သိရသည်။

သီရိလင်္ကာ အစိုးရအနေဖြင့် သူမအား ချမှတ်ထားသော ကျောက်ခဲဖြင့် ၀ိုင်းထု သေဒဏ်ပေးမှုမှ ကင်းလွတ်ခွင့် ပေးရန် ဆိုဒီအရေဗီယား အစိုးရအား တောင်းဆိုထားသည်။

Ref: Sri Lanka urges Saudi Arabia not to stone to death maid for adultery
Arakan State
https://www.facebook.com/NarinjaraNews
လူ့အခွင့်အရေးကောင်စီတွင် ဆော်ဒီမှ ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် လူပေါင်း ၁၅၀ ကို သူ့နိုင်ငံတွင် သေဒဏ်စီရင်ကွပ်မျက်ခဲ့ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းကဆို  လူ့အခွင့်အရေးကောင်စီတွင် ဆော်ဒီမှ ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် လူပေါင်း ၁၅၀ ကို သူ့နိုင်ငံတွင် သေဒဏ်စီရင်ကွပ်မျက်ခဲ့ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းကဆို Reviewed by THITHTOOLWIN on 13:41 Rating: 5
Powered by Blogger.