ပုဏ္ဍားကျွန်းတွင် ရခိုင်အမျိုးသားပါတီ တောင်ပြိုကမ်းပြိုနိုင်ဟုဆို


 စစ်တွေ၊ နိုဝင်ဘာ ၉

 ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှာ တောင်ပြိုကမ်းပြို ဇရပ်ပြိုအောင်ထိ နိုင်ကြောင်း ပုဏ္ဍားကျွန်း အမှတ် (၂) ဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှက ပြောသည်။

“ ရွေးကောက်ပွဲ ကော်မရှင်ကတော့ တရားဝင် မကျေညာသေးဘူး။ ရရှိလာတဲ့ ကျေးရွာ၊ ရပ်ကွက် မဲရေတွက်မှုအရ စာရင်းတွေကို ကြည့်တော့ ကျွန်တော်တို့ ပါတီက တောင်ပြို၊ ကမ်းပြိုတောင်မဟုတ်ဘူး။ ဇရပ်ပြိုအောင်ထိ နိုင်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးစံကျော်လှက ပြောသည်။

ပုဏ္ဍားကျွန်း အမျိုးသားလွှတ်တော်တွင် ဦးခင်မောင်လတ်က လည်းကောင်း၊ ပြည်သူ့ လွှတ်တော်တွင် ဦးထွန်းမောင်က လည်းကောင်း၊ ပြည်နယ် အမှတ် (၁) တွင် ဦးအောင်သန်းတင်က လည်းကောင်း၊ ပြည်နယ် အမှတ် (၂)တွင် ဦးစံကျော်လှကသော်လည်းကောင်း အနိုင်ရရှိကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews/

ပုဏ္ဍားကျွန်းတွင် ရခိုင်အမျိုးသားပါတီ တောင်ပြိုကမ်းပြိုနိုင်ဟုဆို   ပုဏ္ဍားကျွန်းတွင် ရခိုင်အမျိုးသားပါတီ တောင်ပြိုကမ်းပြိုနိုင်ဟုဆို Reviewed by THITHTOOLWIN on 12:20 Rating: 5
Powered by Blogger.